Teen Beauty အရွယ်၏ကောင်းခြင်း

ဆရာရှင့် သမီးက ၁၆ နှစ်ရှိပါပြီ။ အရွယ်ရောက်တော့ လှချင်လာပါတယ်။ အသားဖြူဆေးနဲ့ Botox ထိုးချင်လို့ Side effect ရှိလားသိချင်ပါတယ်။ ပိန်ဆေးကောင်းကောင်းလေး လမ်းညွှန်ပေးပါဦး။ လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။

Weight loss ပိန်ချင်သလား စာကို ပို့လိုက်ပါတယ်။ Botox ဆေးကို အသက်ကြီးလို့ အရေပြား အရေးအကြောင်းတွေ သူများမမြင်အောင်လုပ်တာမှာ သုံးတာများတယ်။ ငယ်သူတွေ မသင့်သေးပါး ဆေးအရှိန်ရှိတုံးသာ အမြင်လှစေတယ်။ Botox (ဘိုးတောက်စ်) ဆိုတာ နဖူးရေတွေ တွန့်နေတာကို Botox နဲ့ Dysport injections ထိုးဆေးနဲ့ လုပ်နိုင်တယ်။ ယာယီသဘောသာ ဖြစ်ပါတယ်။ ဒီဆေးတွေထဲမှာ Botulism bacteria ဗက်တီးရီးယားရဲ့ အဆိပ်ကိုသုံးထားတယ်။ နည်းနည်းလေး ထိုးပေးတာသာ ဖြစ်တယ်။ ဆေးထိုးရတာလဲ နာတယ်လို့ မဟုတ်ပါ။ ထိုးရတာလဲ သိပ်မကြာပါ။ ၃-၇ ရက်ကြာမှ ဆေးတန်ခိုး အကျိုးသိရတယ်။ အရေပြား အတွန့်တွေ အရေးအကြောင်းတွေက ပိုချောလာမယ်။ နဲနဲ ကြာလာရင်တော့ အရင်လိုဘဲ ပြန်ဖြစ်မယ်။ တောက်လျှောက် ကောင်းနေချင်ရင် ၄-၆ လ တခါတော့ ထိုးရတယ်။

၁၆ နှစ်သမီးရဲ့ အရွယ်၏ကောင်းခြင်းကို ၂ဝ ကျော်၊ ၃ဝ ကျော်တွေက မရနိုင်တော့ပါ။ အမြင်အလှဆိုတာ လိုတာမှန်တယ်။ အမြင်အရလှတာကိုသာနှစ်သက်သူမျိုးဟာ အတွင်းအလှအပ၊ အနှစ်သာရကို တန်ဘိုး မထားတတ်တာဖြစ်တတ်တယ်။ လှတာထက် ကြည့်ကောင်းပြီး ကျန်းမာဘို့ကို ပိုတန်ဘိုးထားပါ။ အသားဖြူဆေးလို ကြော်ညာဆေးတွေ လုံးဝမသုံးပါနဲ့။

၁၆ နှစ်ထက်ကြီးတဲ့ အမျိုးသမီးတွေလည်း ကိုယ့်အသက်မှာရှိနေသေးတဲ့အလှကို နောင်နှစ်တွေမှာ ပြန်မရနိုင်တာကို ဆင်ခြင်စေချင်တယ်။ အတုအပကြောင့် ဒုက္ခရောက်တဲ့မေးခွန်းတွေ ဖြေနေရပါတယ်။

ဒေါက်တာတင့်ဆွေ

၂၇-၆-၂၀၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ