The Nobel Medal for Physiology and Medicine မြန်မာ့ဖေ့စ်ဘွတ် နိုဗယ်ဆုရတော့မည်

ဆေးချောက်က ကင်ဆာကုလို့ပျောက်တယ်လို့ကြားဘူးပါတယ်ဆရာ ဟုတ်ပါသလား။

မဟုတ်။ ကင်ဆာဒဏ်သက်သာအောင်သာ မူးယစ်ဆေးတွေ သုံးပါတယ်။ ဆေးခြောက်လို့ ရေးရတယ်။

ရှိးပုတီးပိုးဆေးနွယ်ရှင်ဆေး သင်္ဘောရွက်သတ္တုရည်စတဲ့ မြန်မာဆေးတွေကရော ကင်ဆာကုလို့ပျောက်နိုင်လားဆရာ။

မဟုတ်ပါ။ မှားတယ်။ လိမ်တာ။ ဖေ့စ်ဘွတ်ပေါ်မှာ လူလိမ်တွေ ပေါတယ်။ အလိမ်ခံချင်သူတွေ မနည်းပါ။

လောက်သေရွက်က hiv ပိုးကိုသေစေတယ်ဆိုတာ ဖြစ်နိုင်ပါလားဆရာ။ 

တယောက်ပြီးတယောက် မေးနေကြတယ်။ တမျိုးပြီးတမျိုး မေးနေကြတယ်။ အမည်ဆန်းတဲ့အရွက်တွေက ကင်ဆာပျောက်တယ်တဲ့။

ဆေးသုတေသန မရှိ။ မဖြစ်နိုင်။ မှားယွင်း။ လိမ်ညာ။

နိုဗယ်ဆုကို နှစ်စဉ် ဒီဇင်္ဘာ (၁ဝ) ရက်မှာ ပေးနေတယ်။ HIV ပိုး၊ ဆီးချိုရောဂါ၊ ကင်ဆာပျောက်တယ်ဆိုတာတွေက မှန်တယ်ဆိုရင် ဆေးပညာနိုဗယ်ဆု ကြားဖြတ်ရမယ်။ 

မဖြစ်နိုင်ရွက်တွေ မြန်မာပြည်မှာ အလေ့ကျပေါက်တယ်။ အွန်လိုင်းအခင်းကြီးထဲမှာ တချို့ ရေလောင်းပေးနေကြတယ်။

ဆေးပညာနိုဗယ်ဆုကို မြန်မာလိုရေးတဲ့ဖေ့စ်ဘွတ်က ရမယ်ထင်တယ်။

ဆေးနည်းတွေသာမကပါ။ သည်းခြေကြိုက်စကားလုံးလေးတွေ ပြောဟာသူတွေကိုလည်း နိုဘယ်ဆုစာရင်းထဲ ထည့်လေ့ရှိတယ်။

ဒေါက်တာတင့်ဆွေ

၂၉-၆-၂၀၁၉

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ