The Quack Doctor ရမ်းကု ရမ်းယုံ ခပ်ရမ်းရမ်းလူများ

ဆရာမင်္ဂလာပါရှင့် အရိုး​ကြောအဆစ်ဆရာ၀န်ဆိုပြီး​ ဆေးခန်းဖွင့်ထားတာပါရှင့် ဒီလိုဘွဲ့တကယ်ရှိပါသလား မမြင်ဖူးလို့ပါရှင့် အသိမိတ်​ဆွေ​တွေလည်း ဒူးနာခါးနာ​ဆေးသွားထိုး​နေကြတာ​တွေ့ရလို့ပါရှင့် ဒူးနာရင်ဒူးထဲထိုး​ပေးတယ်ရှင့် ခါးနာရင်ခါးထိုးပါတယ်

ပို့ပေးတဲ့ ဆရာဝန်ဆိုင်းဘုတ်ကို မထည့်တော့ပါ။

ဟိုမီယိုပက်သစ် လို့ ဖတ်ရတယ်။ ဟိုမီယိုပသီဆေးပညာက ထိုးဆေး မသုံးပါ။ 

ခက်တာက ရောထွေးလုပ်နေကြသူတွေ ရှိတယ်။

ခါးနာလို့ ခါးကိုဆေးထိုးတာမှာ ဆရာတို့လို ဆေးပညာဘွဲ့ရဆရာဝန်တွေကတော့ စတီရွိုက် ဆေး ထိုးပါတယ်။ ဒါပေမဲ့ လိုမှသာ ဖြစ်တဲ့ အဆစ်ထဲထိုးတယ်။ ဆေးထိုးပြီး ချက်ချင်းသက်သာမယ်။ ဆေးအစွမ်းကုန်တော့ ပြန်နာတယ်။

ဟိုခေတ်က ကြားဘူးတယ်။ အရပ်ဆေးဆရာတွေ့ ပခုံးနာရင် ပခုံးကို ဆေးထိုးပေးသတဲ့။ စတီရွိုက် ဆေးတော့ မဟုတ်။ ဆေးက ဈေးကြီးတယ်။

နောက်တမျိုးခက်တာက လူနာတချို့ကလည်း အဲလိုလုပ်မှ ဟုတ်တယ်ထင်ကြတယ်။

ကျွန်တော်တို့တိုင်းပြည် တိုးတက်မလာတာ အလွန်စိတ်မကောင်းစရာဖြစ်တယ်။

ပညာရေးညံ့သည်ထက်ညံ့လာလို့ဖြစ်တယ်။

စာရေးတာ ဘယ်လိုရေးရေးရတာဘဲသမားတွေကို နေ့တိုင်းတွေ့နေရတယ်။

ကင်ဆာကုသတာကိုလည်း ဖေ့စ်ဘွတ်ကွန်မင့်ကို အားကိုးနေသူတွေ မနည်းပါ။ 

ပါပီ ဖစ် တေ မာ ညမ ကျယ်မ က စတဲ့ သတ်ပုံပျက်တွေကို ကင်ဆာနေရာတွေမှာ အများဆုံးတွေ့ရတယ်။

တမြန်နေ့က နေမကောင်းတာ ငှက်သိုက်နဲ့ အသက်ဆက်နေရတယ်လို့ ပို့စ်တင်တယ်။ မှားနေမှန်း မသိသူက သူ့ဓါတ်ပုံနဲ့ တင်တယ်။

လိမ်တဲ့သူလည်း ပေါတယ်။

ကျွန်တော့အမည်၊ ကျွန်တော့ဓါတ်ပုံနဲ့ ဆေးအတုကြော်ငြာကြတယ်။ ပေ့ချ် အတုတွေ ခဏခဏ တွေ့ရတယ်။

လိမ်တဲ့ အကောင့်တွေက ဘလော့လို့မရအောင်လုပ်တဲ့နည်းကိုလည်း တတ်ကြတယ်။

ဆေးခန်းအတုတွေမှာ လူစည်တယ်။

ဆေးနည်းအတုတွေ ရောင်းကောင်းတယ်။ ကိုဗစ်ကာလမှာ ပိုက်ဆံရကြတယ်။

သတ်ပုံစာအတွက် နေ့တိုင်း ၂-၃ ယောက်ကို ဘလော့နေရတယ်။

ပညာညံ့တော့ စဉ်းစား ဝေဘန်တာလည်း ညံ့တယ်။

အမှန်အကန်ရေးတာတွေကိုလိုက်ပြီး ရန်ရှာကြတယ်။

မမှန်တာကို အဟုတ်ထင်သူမျိုးဟာ အမှန်ကို အမှားထင်လေ့ရှိတယ်။

သတ်ပုံကိုရန်ရှာသူတွေက အရေအတွက် ပြူစောထီး တပ်စိတ် တစိတ်ကျော်ပြီ။ အကောင့်အမည်တွေ မှတ်ထားတယ်။ ခဏနေရင် ဘလော့စရာတွေ လာမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ