Alternative cancer therapies linked to reduced survival

ကင်ဆာကို တခြားကုထုံးတွေနဲ့ကုသတာ အသက်ရှင်နှုန်း နည်းစေနိုင်

ယူအက်အေမှာ ၂ဝ-၇-၂ဝ၁၈ နေ့ကထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဆရာဝန်တွေမသုံးတဲ့ တခြား ကုထုံးတွေဆိုတာ နေရာအလိုက် အမျိုးမျိုးရှိနေတယ်။ ဆရာဝန်တွေသုံးတဲ့နည်းတွေဆိုတာ ခွဲစိတ်နည်း၊ ဓါတ်ကင်နည်းနဲ့ ကင်ဆာဆေးပေးနည်းတွေဖြစ်တယ်။

ဒီလေ့လာမှုမှာ ကင်ဆာလူနာပေါင်း ၁၂၉၀ ယောက်ကိုပြုလုပ်ခဲ့ပြီးမှာ အခုလိုကောက်ချက်ချတာဖြစ်ပါတယ်။ 

Alternative therapies လို့ခေါ်တဲ့ တခြားကုထုံးတွေက အမျိုးမျိုး။ အာဟာရနည်း၊ ဗီတာမင်နဲ့အားဆေးသွင်းပေးနည်း၊ လေ့ကျင့်ခန်းနည်း၊ ဟာဗယ်နည်း၊  ရောဂနည်း။ 

ကင်ဆာလူနာ ၁ဝ၃၂ ယောက်က ဆရာဝန်တွေကုသနည်းကိုလိုက်နာခဲ့ကြပြီး ၂၅၈ ယောက်က ဆရာဝန်နည်းတခုနဲ့ တခြားနည်းတခုခုကိုပါတွဲသုံးတယ်။ အသက်ရှင်နှုန်းကိုကြည့်တော့ ၅ နှစ်အသက်ရှင်နှုန်း ဆရာဝန်နည်းကိုသာအားကိုးသူ ၈၆့၆% ရှိပြီး တခြားနည်းကိုပါတွဲသူတွေထဲမှာ ၈၂့% သာရှိတာတွေ့ရတယ်။

၉ နှစ်တာလေ့လာမှု သီးသန့်လုပ်တော့ အဲလိုနည်းအပိုတွဲသူတွေမှာ ရုတ်တရက်သေဆုံးမှုမှာ ၂ ဆပိုတာတွေ့ရတယ်။ အဲတာမှာနည်း ဆရာဝန်တွေညွှန်တဲ့နည်းကို လက်မခံတာ မတူကြပါ။ 

Chemotherapy ခီမိုသာရာပီ ခေါ် ကင်ဆာဆေးလက်မခံလိုသူ ၃၄% က ၃့၂% ရှိပြီး၊

Radiotherapy ရေဒီယိုသာရာပီ ခေါ် ဓါတ်ကင်နည်းလက်မခံသူ ၅၃%က ၂့၃% နဲ့

Surgery ဆာဂျရီ ခေါ် ခွဲစိတ်ကုသနည်းလက်မခံသူ ၇% က ဝ့၁% ရှိတယ်။

ဆရာဝန်နည်းကိုလက်မခံလိုသူတွေထဲမှာ သိသာတာက အသက်မကြီးသူတွေနဲ့ အမျိုးသမီးတွေပါနေတာတွေ့ရတယ်။ 

ဒီလေ့လာဆန်းစစ်မှုမှာတော့ တခြားနည်းဆိုတာတွေကို အမည်တပ်ဖေါ်ပြမထားပါ။ အခြားနည်းတွေဆိုတာဘာလဲ။ ဥပမာ မက်ဆီကိုနိုင်ငံမှာသုံးတဲ့နည်းတွေကတော့ Laetrile နည်း၊ Chelation နည်း၊ Issels treatment နည်း၊ Nutritional therapy နည်း၊ High dose vitamins and dietary supplements နည်း၊ Metabolic therapy နည်း၊ Oxygen therapies နဲ့ Hydrotherapy နည်း စတာတွေဖြစ်တယ်။ တခြားနည်းတွေလည်းရှိသေးတယ်။

မြန်မာပြည်မှာ ကြော်ငြာတဲ့နည်းတွေကို ဖေ့စ်ဘွတ်မှာ နေ့တိုင်းတွေ့ရတယ်။ လေ့လာဆန်းစစ်ချက်တော့ အခုထိ တခုမှ မတွေ့သေးပါ။ ဆောရီး။

ကင်ဆာကို မျိုးချစ်စိတ်နဲ့ ကုသလို့ မရနိုင်။

ဒေါက်တာတင့်ဆွေ

၂၃-၇-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ