ကြောင်လျှာသီး ရောင်းချခြင်း

ပို့စ်တခု = ကြောင်လျှာသီးကို ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏။ 

မဟုတ်ပါ။

ကာလဝမ်းရောဂါနဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါလည်း မတူပါ။

ဝမ်းရောဂါဆိုတာကလည်း အမျိုးမျိုးရှိတယ်။

အခုရက်တွေ မြန်မာပြည်မှာဖြစ်နေတာက ပြင်းထန်လို့လည်း ပြောကြတဲ့ ဝမ်းပျက်ရောဂါသာဖြစ်တယ်။

ကာလဝမ်းရောဂါ ဟုတ် မဟုတ် လူနာရဲ့ဝမ်းကိုစစ်ရတယ်။ V. cholerae တွေ့ရှိမှာသာ ကာလဝမ်းရောဂါ ဖြစ်ပါတယ်။

ပြင်းထန်ဆိုတာကလည်း ဝမ်းပျက်ရာကနေ ရေနဲ့ ဓါတ်ဆားနည်းလွန်းတာကိုသာ ခေါ်တယ်။ ဖြစ်တိုင်းတော့ ရေနဲ့ ဓါတ်ဆားကုန်ခန်းတာ မတူကြပါ။

ဖြစ်ရင် ဓါတ်ဆားရေတိုက်ရတယ်။ ဓါတ်ဆားထုပ်ဝယ်လို့မရရင်၊ ဝယ်ချိန်မရရင် အိမ်မှာ ကိုယ်တိုင်ဖျော်လို့ရတယ်။

ဆိုးတဲ့လူနာကို သွေးပြန်ကြောကနေ ဓါတ်ဆားရေ သွင်းပေးရတယ်။

ကာလဝမ်းရောဂါဖြစ်ရင် လူတွေအများကြီးကို ကူးစက်တယ်။ အရေးပေါ်ကုသမှု၊ ကာကွယ်မှု၊ ပညာပေးမှုတွေ လုပ်ရတယ်။

တခါတခါ ကပ်ရောဂါအဆင့်ထိ ဖြစ်တယ်။

ကြောင်လျှာသီး ရောင်းလိုရင် စားလို့ကောင်းတယ်ပြောပြီး ဈေးမှာသာ ရောင်းပါရန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ