Carrot Juices ကိုယ်ဝန်နှင့် မုန်လာဥနီ

ဆရာရှင့် ကျွန်မ အသက် ၂၅နှစ်ပါ။ သားဦးကိုယ်ဝန်လွယ်ထားတာ ၆လရှိပါပြီ။ 4D ကိုဘယ်နှစ်လထိ ရိုက်လို့ရလဲ သိချင်ပါတယ်ရှင့်။ ပြီးတော့ မုန်လာဥနီကိုနေ့တိုင်းဖျော်သောက်တာကလေးအတွက် ဘာကောင်းကျိုး ဆိုးကျိုးရှိလဲ သိချင်ပါတယ်ရှင့်။

ကိုယ်ဝန်အပ်တဲ့ဆရာဝန်က ညွှန်တဲ့ရက်တွေမှာ အာထွာဆောင်းရိုက်သင့်။ ကိုယ်တိုင် ပိုက်ဆံပေးရိုက်တာကတော့ ကိုယ့်သဘောသာဖြစ်။ ကိုယ်ဝန်နဲ့ အာထွာဆောင်းစာတွေ ခဏခဏ (ခဏခဏ) တင်ထားတယ်။ 

ကိုယ်ဝန်နဲ့ ကလေးနို့တိုက်ချိန်မှာ ကိုယ်တသက်လုံးစားလာတာတွေထဲက ၉၀% စားသောက်နိုင်။ အဆန်းတွေ မသင့်။ မုန်လာဥနီကို ဘာကြောင့်သောက်လို မသိ။

မုန်လာဥနီသောက်ရင်ကလေးအတွက်ဉာဏ်ကောင်းတယ် အသားအရေလှစေတယ်ပြောလို့ပါဆရာ။

အိုဂျီနဲ့ ကလေးအထူးကုဆရာဝန်က ပြောပါသလား။ မုန်လာဥနီဟာ ကလေး လူကြီး ယောက်ျား မိန်းမအတွက် သင့်ပါတယ်။ မုန်လာဥနီထဲမှာ ဘီတာကရိုတင်း ခေါ် ဗီတာမင်အေ ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဗီတာမင်အေ 1,000 retinol equivalents (RE)/day တနေ့တာအတွက် လိုအပ်တယ်။ 3,300 IU ဒါမှမဟုတ် Vitamin A 5,000 IU နဲ့ညီမျှတယ်။

WHO သတ်မှတ်ချက်က ဗီတာမင်အေအားဆေးကို ဗီတာမင်နည်းပါးတတ်တဲ့နေရာဒေသက ကိုယ်ဝန်ဆောင်တွေကိုသာ ပေးပါ။ နည်းနေရင် ကြက်မျက်သင့်ရောဂါရစေနိုင်တယ်။

ဗီတာမင်အေဟာ မွေးပြီးသားကလေးအတွက်လိုအပ်တယ်။ အဆုပ်၊ မျက်စိနဲ့ အရေပြားအတွက်ဖြစ်တယ်။ ဗီတာမင်အေ များရင်တော့ မကောင်းပါ။

Retinol ရက်တီနောလ် ရနိုင်တဲ့အစားအစာတွေက ဒိန်ခဲ၊ ရေဂတ် ခေါ် ဒိန်ချဉ်၊ ကြက်ဥ။

Beta-carotene ဘီတာကရိုတင်း ရနိုင်တဲ့အစာတွေက မုန်လာဥနီ၊ လိမ်မော်သီး၊ ကစွန်းဥ။

ကိုယ်ဝန်တောင်မှာ အထဲကကလေးဦးနှောက် ဖွဲ့ဖြိုးမှု ချို့ယွင်းချက် နည်းအောင် ဖေါလစ်အက်စစ်ပေးတယ်။ ကလေး ဉာဏ်ရည်၊ အရပ်အမောင်း၊ အသားအရောင်စတာတွေက သူ့မျိုးဗီဇနဲ့ဆိုင်တယ်။ ပြင်ပေးလို့ မရနိုင်တာတွေ။ မိခင်လောင်း အာဟာရနည်းရင် ကလေးဖွဲ့ဖြိုးမှုကို ထိခိုက်နိုင်တယ်။

ကြော်ငြာကောင်းလွန်းလို့ ဖြည့်စွက်စာကျွေးတဲ့ကလေးတွေ မုန်လာဥနီဖျော်တိုက်လွန်းလို့ အသားဝါတယ်ဆိုပြီး မေးတာတွေရတယ်။ အစားအသောက်ဆိုတာ လုံလောက် + မျှတရတယ်။

ကွန်မင့်တခုရတယ်။ ကျေးဇူး။ ကျမသမီးကိုယ်ဝန်ဆောင်နဲ့တုန်းကတော့ မုန်လာဥနီဖျော်ရည် တော်တော်များများ သောက်ဖြစ်တယ်ဆရာ အံ့သြစရာကောင်းတာက သမီးဆံပင်တွေဟာ အနက်ရောင်စစ်စစ်မဟုတ်ပဲ အနီရောင် ရွှေအိုရောင်လေးတွေရောနေတာတွေ့ရတယ်ဆရာ မုန်လာဥနီကြောင့်လား ဘာကြောင့်လည်းတော့ မသေချာပါ။

ဒေါက်တာတင့်ဆွေ

၁၈-၇-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ