Cause Of Liver Cancer အသည်းကင်ဆာ ဘာ့ကြောင့်ဖြစ်

မနေ့ကတော့ မြဝတီမှာရေးထားတဲ့ ပညာပေးဆောင်းပါးခေါင်းစဉ်ကို ၃ ခါဖတ်လို့တောင် နားမလည်ပါကြောင်း တင်ပြလိုက်တယ်။ 

အဲဒီဆောင်းပါးအလိုအရ အသည်းကင်ဆာဖြစ်ရတာ စီပိုးလို့ ဆိုလိုတယ်။ မဟုတ်ပါ။ အသည်းကင်ဆာ ဖြစ်စေတဲ့အကြောင်းခံတွေ အမျိုးမျိုးရှိပါတယ်။

အတိအကျပြောမရပါ။ သေချာတာကတော့ အသည်းကို ပျက်စီးစေတဲ့အကြောင်းခံတွေကနေ ဆက်ဖြစ်တာ။

ပျက်စီးတယ်ဆိုတာ အသည်းအမာရွတ် ခေါ် Cirrhosis အသည်းခြောက်ခြင်းလည်း ပါတယ်။

Cirrhosis အသည်းခြောက်စေတဲ့အကြောင်းခံတွေဆိုတာ Hepatitis B ဘီပိုးနဲ့ C စီပိုး။ စီပိုးက အခုမှ လာပါတယ်။

နောက်တချက်က Alcohol အရက်။

နောက်တခုက Non-alcoholic fatty liver disease အရက်နဲ့မဆိုင်တဲ့ အသည်းအဆီဖုံးခြင်း။

နောက်ဆုံးတခုက Aflatoxin ဓါတ်သင့်ခြင်း။ လူတွေစားသုံးကြတဲ့ အစေ့အဆံတွေကို သိုလှောင်ရာကနေ မှိုပိုးဝင်လို့ ဆက်ဖြစ်တာ။

ဘယ်သာသာရပ်ကိုမဆို ပညာပေးရင် ခိုင်မာတိကျတဲ့အချက်အလက်တွေကိုသာ ရေးသား၊ ပြောဟော၊ ထုတ်ဝေ၊ ကြော်ငြာ၊ ရောင်းချသင့်ကြပါတယ်။

ပညာပေးတယ်ဆိုတာ လျှာ့လည်း မရေးရ။ ဖြဲလည်း မခြောက်ရ။

မြန်မာလိုရေးတဲ့ အွန်လိုင်းပညာပေးတွေ မှန်တာ ရှားတယ်။ ဆောရီး။ 

ဘယ်အကြောင်းအရာကိုမဆို လွဲရေးတာဆို လူကြိုက်များသေးတာ။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ