Diarrhoeal disease ဝမ်းပျက်ရောဂါများ

(ကန်တော့)

ကလေးငယ်တွေ အသက် ၁ လကနေ ၁၉ လအတွင်း သေဆုံးရခြင်းအကြောင်းခံတွေထဲမှာ ဝမ်းပျက်ရောဂါက တတိယမြောက် အများဆုံးဖြစ်တယ်။ ကာကွယ်လို့လည်းရ ကုသပေးလို့လည်း ရတယ်။

တကမ္ဘာလုံးမှာ နှစ်စဉ် ကလေးပေါင်း 1.7 billion ယောက်ဖြစ်တယ်။ တနှစ် ၅ နှစ်အောက် ကလေးပေါင်း 443 832 ယောက်နဲ့ ၅ နှစ်ကနေ ၉ နှစ်အရွယ်ကလေးပေါင်း 50 851 ယောက် သေဆုံးနေရတယ်။ 

ကာကွယ်မှုမှာ အရေးအကြီးဆုံးက သောက်သုံးရေနဲ့ တကိုယ်ရေ သန့်ရှင်းမှုဖြစ်တယ်။

ဖြစ်ရင် ရေနဲ့ ဓါတ်ဆားကုန်ခန်းတယ်။

တနေ့မှာ ဝမ်းအရေသွားတဲ့အကြိမ် ၃ ကြိမ်ကျော်တာကို သတ်မှတ်တယ်။

ရေနဲ့ အစားအသောက်တွေကနေတဆင့် ကူးစက်တယ်။

ORS ဓါတ်ဆားထုပ်က အသက်ကယ်နိုင်တယ်။ ရေ + ဆား + သကြား ဖျော်သောက်ရမယ်။ အိမ်မှာ ကိုယ်တိုင်ဖျော်နိုင်တယ်။ dispersible zinc tablets ဇင့်ဓါတ်ဆေးပြားကို ဖြည့်စွက်အဖြစ် ၁၀-၁၄ ရက် သောက်သင့်တယ်။ ကြာရက် တိုစေမယ်။

ဝမ်းပျက်ရောဂါ အမျိုးမျိုးရှိတယ်။

၁။ ရက်တိုအမျိုးအစား။ ဖြစ်တာရက်မကြာ။ 

၂။ Cholera ခေါ် ကာလဝမ်းကလည်း ရက်တိုအမျိုးအစားထဲကဖြစ်တယ်။

၃။ dysentery ဝမ်းကိုက်ရောဂါ။ ဝမ်းကိုက်မှာလည်း ၂ မျိုးရှိတယ်။

၄။ ရက်ရှည်ဝမ်းရောဂါ။ ၁၄ ရက်ကနေ ၁၄ ရက်မက ကြာတတ်တယ်။

၅။ Chronic diarrhea နာတာရှည်ဝမ်းပျက်ရောဂါက တမျိုး၊

၆။ Lactose intolerance လက်တို့စ်ခေါ် နွားနို့ထဲပါတဲ့ဓါတ်နဲ့ မတည့်လို့ဝမ်းပျက်တာက တမျိုး။

Dehydration ရေဓါတ်ခန်းခြောက်ခြင်း

ရေသာမက electrolytes ဓါတ်ဆားတွေလည်း ကုန်ခန်းစေတယ်။(sodium, chloride, potassium and bicarbonate တွေဖြစ်တယ်။ ဝမ်းကနေသာမက ချွေးထဲ၊ ဆီးထဲနဲ့ အသက်ရှူထုတ်ရာကနေ ဆုံးရှုံးရတယ်။ 

ရေနဲ့ ဓါတ်ဆားခန်းခြောက်တာကိုလည်း အဆင့်တွေခွဲထားတယ်။ 

• ရေငတ်၊

• မျက်တွင်းကျ၊

• အရေပြားဆွဲမရင် အောက်က်ို တော်တော်နဲ့ ပြန်မကျ၊

• ရေ၊ အရေလိုသလောက် မသောက်နိုင်၊

• ဂဏာမငြိမ်၊ စိတ်တို၊

• အားအင်ကုန်၊ သတိလစ်။

ဖြစ်စေတဲ့ ရောဂါပိုးတွေ

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပါရာဆိုက်တွေကြောင့်ဖြစ်တယ်။ ဝမ်းပျက်နေသူရဲ့ ဝမ်းထဲမှာ ပါနေတယ်။ သောက်ရေ သုံးရေ မသန့်ရင်လည်း ပိုးတွေ ပါနေတယ်။

ဗိုင်းရပ်အမျိုးအမည်တွေက rotavirus, norovirus, adenovirus and astrovirus တွေဖြစ်တယ်။  

ဘက်တီးရီးယားတွေက Escherichia coli, Salmonella spp., Shigella spp., and Campylobacter spp. တွေဖြစ်တယ်။

ပါရာဆိုက်တွေက Cryptosporidium, Giardia, and Entamoeba spp. တွေဖြစ်တယ်။

Rotavirus နဲ့ E. coli တွေကနေ အဖြစ်အများဆုံး။

အာဟာရချို့တဲ့ခြင်းကြောင့် ဝမ်းရောဂါ ပိုဖြစ်စေနိုင်တယ်။

ဘယ်ကနေ ကူးစက်လာသလဲ

• မသန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေ။ 

• တိရစ္ဆာန်အညစ်အကြေးတွေ။

• ရောဂါရှိနေသူကနေ တဆင့်။

ကာကွယ်နည်းများ

၁။ သောက်သုံးရေ သန့်ပါစေ။

၂။ တကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ပါစေ။

၃။ လက်ကို မကြာခဏ ဆေးပါလေ။

၄။ rotavirus vaccination ကလေးတွေကို ကာကွယ်ဆေးတိုက်ပါ။

၅။ ORS ဓါတ်ဆား ဆောင်ထားပါ။ ကိုယ်တိုင်ဖျော်နည်း သိထားပါ။

၆။ Zinc supplements ဇင့်ဓါတ်ဆားသောက်ရင် ဖြစ်တဲ့ရက် တိုစေမယ်။

၇။ အစာအာဟာရပြည့်မီပါစေ။

၈။ ဖြစ်ရင် ဆေးရုံ ဆေးခန်းပြပါ။

ORS ဓါတ်ဆားထုပ် https://dr-tint-swe.blogspot.com/2020/12/ors.html

Diarrhea ဝမ်းပျက်ခြင်း https://dr-tint-swe.blogspot.com/2021/05/diarrhea.html

Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ https://dr-tint-swe.blogspot.com/2021/05/lactose-intolerance.html

Chronic diarrhea နာတာရှည် ဝမ်းပျက်ရောဂါ https://dr-tint-swe.blogspot.com/2021/10/chronic-diarrhea.html

Rotavirus Vaccination ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/rotavirus-vaccination.html

Norovirus နိုရို ဗိုင်းရပ်စ် https://dr-tint-swe.blogspot.com/2024/07/norovirus.html

Traveler's diarrhea ခရီးသွားဝမ်းပျက်ခြင်း https://dr-tint-swe.blogspot.com/2021/05/travelers-diarrhea.html

Cancer Diarrhea ကင်ဆာကုသခြင်းနှင့် ဝမ်းပျက်ခြင်း https://dr-tint-swe.blogspot.com/2022/05/cancer-diarrhea.html

COVID-19 ဝမ်းပျက်ရင် https://dr-tint-swe.blogspot.com/2021/07/covid-19_16.html

Diarrhea in Children ကလေးဝမ်းသွားရင် https://dr-tint-swe.blogspot.com/2020/12/diarrhea-in-children.html

မြန်မာနိုင်ငံသားတွေ ဝမ်းရောဂါဘေး ကင်းစင်ဝေးကြပါစေ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ