Fetal heartbeat သန္ဓေသားနှလုံးအလုပ်

(ကန်တော့)

ဆရာရှင့် လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆရာကိုအဆက်အသွယ်လုပ်ပြီး မေးမြန်းဖူးတဲ့ သူပါရှင် အဲတုန်းက သမီးလေးကိုယ်ဝန်ရှိပြီး ခုဆို ၇ နှစ်ရှိနေပါပြီ ခုနှစ် ၅ လပိုင်းကစပြီးသမီးမှာ နောက်ထပ်တယောက် ကိုယ်ဝန်ရှိနေပါတယ် ခုဆို ၁၁ ပတ်ထဲမှာပါ ပထမ လလယ်လောက်မှာ သွေးပုပ်ရောင်တွေ့လို့ULTRASOUND ရိုက်ခဲ့တော့ အကောင်အထည်သိပ်မပြပေမယ်ရှိတယ် ကောင်းတယ်လို့အဖြေထွက်ပါတယ် အဲဒါနဲ့နေလိုက်တာ  ခုမနက် ၇-၇-၂၀၂၄ မနက်ပိုင်းဆီးသွားရင်း အချွဲနဲ့သွေးဆင်းပါတယ် သွေးကလတ်ဆတ်တဲ့ရောင်ရှိပါတယ် day pap အသေးတခုစာလောက်ဆင်းပါတယ် ခန္ဓာကိုယ်ကိုက်ခြင်း မရှိသေးပါဘူးဆရာ အဲဒါနဲ့ OG ကိုသွားပြပါတယ် ULT ပြန်ရိုက်ခိုင်းပါတယ် သွားရိုက်လိုက်တော့ ကလေးက 36 cm ရှိပြီးနှလုံးမခုန်ဘူး အဲတော့ပျက်ပါတယ်လို့ ULT ဆရာမက ပြောလိုက်ပါတယ် သမီးအတော်ကိုစိတ်ထိခိုက်ရပါတယ်ဆရာ တခဏအတွင်း ကလေးကို နှလုံးမခုန်တော့ဘူးတပ်အပ်ပြောချလိုက်တာ မယုံနိုင်ဖြစ်ရတယ် မိခင်က ခုလက်ရှိ အစားအသောက် ကိုက်ခဲမှုမရှိပါဆရာ ဆရာရဲ့ အတွေးနဲ့အကြံကောင်းလေးများရှိရင်ပြောပြပေးပါဆရာ အရမ်းစိတ်ထိခိုက်လို့ငိုရပါတယ်။

ဆောရီး။

Fetal heartbeat ကိုယ်ဝန်ဆောင်စဉ် အထဲက သန္ဓေသားနှလုံးလှုပ်နေတာကို high quality, high frequency transvaginal ultrasound နဲ့ စမ်းသပ်ရင် အစောဆုံး ၅ ပတ်ခွဲကနေ ၆ ပတ်မှာ စတင်သိနိုင်ပြီ။ အများအားဖြင့် ကလေးအရွယ်အစား အနည်းဆုံး 7 millimeters အရှည်ရှိလာချိန်မှာသာ ကလေးနှလုံးကို စမ်းသပ်လေ့ရှိတယ်။

Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) https://dr-tint-swe.blogspot.com/2021/01/pregnancy-and-ultrasound.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ