Flooding and communicable diseases ရေကြီးခြင်းနဲ့ ကျန်းမာရေး

ဝါဆို ဝါခေါင် ရေဖေါင်ဖေါင်

ရေကြီးနေတဲ့သတင်းတွေ ဖတ်ရတယ်။ ရေကြီး၊ ရေလွှမ်းရင် သတိထားရမယ့် ကူးစက်ရောဂါတွေ ရှိတယ်။ 

၁။ ရေကတဆင့်ကူးစက်ရောဂါတွေ = တိုက်ဖွိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ လက်ပတိုစပိုင်ရိုးဆစ်ရောဂါ၊ အသည်းရောင်အေရောဂါ) တွေကူးစက်နိုင်တယ်။

၂။ ကြားခံအကောင်တွေကတဆင့်ကူးစက်ရောဂါတွေ = ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသားဝါအဖျားရောဂါ၊ အနောက်နိုင်းလ်မြစ်ရောဂါ) တွေကူးစက်နိုင်တယ်။

Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ 

အစာကတဆင့် ကူးစက်သည့် ရောဂါများအုပ်စုမှာ ပါဝင်တယ်။ ရောဂါရစေတဲ့ပိုးမွှားများ၊ အဆိပ်အတောက်များ၊ လူနှင့်မသင့်သော ဓါတ်ပစ္စည်းများပါဝင်နေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိပြီး ရစေတေဲ့ကူးစက်ရောဂါတွေဖြစ်တယ်။ အစာကတဆင့် ကူးစက်တဲ့ရောဂါတွေ အများဆုံး ဖြစ်စေတဲ့ပိုးတွေနဲ့ ကွဲပြားတယ်။ ယူအက်စ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနရဲ့ ၁၉၇၂-၂ဝဝဝ စာရင်းအရ အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။ 

ပိုးအမျိုးအမည်နဲ့ ဖြစ်ပွါးတဲ့ရာခိုင်နှုန်း

• Giardia lamblia 35.8%

• Shigella spp. 11.4%

• Hepatitis A 6.3%

• Noroviruses 5.7%

• Campylobacter jejuni 4.5%

• Cryptosporidium 4.2%

• Samonella, nontyphoidal 3.9%

• Escherichia coli O157-H7 2.4%

• Salmonella Typhi 1.3%

• Vibrio cholerae 0.6%

• Enterotoxigenic Escherichia coli 0.3%

• Yersinia enterocolitica 0.3%

• Rotavirus 0.3%

• Entamoeba histolytica 0.3%

• Plesiomonas shigelloides 0.3%

• Small round virus 0.3%

• Miscellaneous chemicals 0.3%

Vector-borne Diseases ပိုးမွှားကောင်လေးများကတဆင့် ကူးစက်သည့်ရောဂါများ 

လူနဲ့ တိရစာ္ဆန်တွေကို အင်းဆက်ပိုးမွှားကောင်လေးတွေကတဆင့် ကူးစက်စေတဲ့ရောဂါတွေကို ခေါ်တယ်။ အင်းဆက်ပိုး အမျိုးမျိုး ရှိတယ်။ ခြင်၊ မှက်၊ ယင်၊ သန်း စသည်တို့ဖြစ်တယ်။ အဲဒီအင်းဆက်တွေက ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ရီကက်ဆီယေး အကောင်တွေကနေ သယ်ဆောင်ပြီး အကိုက်ခံရတဲ့ လူနဲ့ တိရစာ္ဆန်တွေကို ရောဂါရစေတယ်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ပလိပ်၊ ဆင်ခြေထောက်ရောဂါ၊ တိုက်ဖတ်စ်၊ ရဲလိုးဖီဗာ စသည်တို့ ပါဝင်တယ်။

- Chikungunya ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုး၊ ဆင်ဖြူတော် တုပ်ကွေးလို့ခေါ်မယ်။

- Dengue fever သွေးလွန်တုပါကွေးရောဂါ၊

- Eastern Equine Encephalitis (EEE) ခြင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုး၊

- Epidemic polyarthritis ကပ်ရောဂါဖြစ်တဲ့ အဆစ်နာရောဂါတမျိုး၊

- Japanese encephalitis စပါးခင်းခြင်က တဆင့်ကူးစက်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ၊

- Kyasanur Forest disease ကနာတာကာရှိ သစ်တောရှိမျောက်များကတဆင့် ကူးစက်တဲ့ရောဂါ၊

- La Crosse encephalitis လာ-ခရော့စ် ဦးနှောက်ရောင် ခြင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါ၊

- Leishmaniasis သဲခြင်မကတဆင့် ကူးစက်တဲ့ အရေပြား အနာရောဂါ၊

- Loaiasis သရက်ပိုးကတဆင့် ကူးစက်တဲ့ရောဂါ၊

- Lyme disease သမင်ခြင်ကောင်ကတဆင့် ကူးစက်တဲ့ရောဂါ၊

- Malaria ငှက်ဖျား၊ ခြင်ကတဆင့် ကူးစက်တဲ့ရောဂါ၊

- Onchocerciasis ခြင်နက်ကတဆင့် ကူးစက်တဲ့ မျက်စိရောဂါ၊

- Plague ကြွက်သန်းကတဆင့် ကူးစက်တဲ့ ကပ်ရောဂါကြီး၊

- Relapsing Fever သန်း၊ မှက် ကတဆင့် ကူးစက်တဲ့ ရောဂါ၊

- St. Louis encephalitis ခြင်ကတဆင့် ကူးစက်တဲ့ ဂျပန်ဦးနှောက်ရောင်နှင့်ဆင်တဲ့ ရောဂါ၊

- Venezuelan equine encephalitis ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါတမျိုး၊

- West Nile fever ခြင်ကတဆင့်ကူးစက်တဲ့ ဂျပန်ဦးနှောက်ရောင်နှင့်ဆင်တဲ့ ရောဂါ၊

- Western equine encephalitis ခြင်ကတဆင့်ကူးစက်တဲ့ ဦးဏှောက်ရောင်ရောဂါ၊

- Yellow fever ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ် အဖျားရောဂါတမျိုး၊

တခြားကျန်းမာရေးအန္တရာယ်တွေလည်းသတိထားရမယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ ထိခိုက်ဒဏ်ရာကနေ မေးခိုင်ပိုးဝင်ခြင်း၊ ကိုယ်အပူချိန်နည်းခြင်း၊ လျှပ်စစ်ဓါတ်အားပြတ်တောက်ရာကနေ ရေသန့်စင်မပေးနိုင်ခြင်း၊ ဆေး-ကာကွယ်ဆေး ထားသိုမှုကို ထိခိုက်စေခြင်း၊ ကုသမှုကို ထိခိုက်စေခြင်း၊ အစားအစာ ထားသိုမှု၊ ချက်ပြုတ်မှုကို ထိခိုက်ခြင်း။ အညစ်ကြေးစွန့်စနစ်ကို ထိခိုက်ခြင်း။

မြစ်တွေဘေးမှာနေကြတဲ့ မြန်မာပြည်သူတွေ ရေကတဆင့်ကူးစက်ရောဂါတွေကင်းကြပါစေ။

ပုံကတော့ ၂၀၁၉ ခုနှစ်ကသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

၁၀-၇-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ