Health ကျန်းမာရေးသတင်း

ကနေ့ ကျန်းမာရေးသတင်း ၂ ခုကို တယောက်ပြီးတယောက်က တင်ကြတယ်။ အသိပေးတာတော့ ကောင်းတယ်။ ဒါပေမဲ့ -

တချို့က ကာလဝမ်းရောဂါလို့ ရေးကြတယ်။

တချို့က ပြင်းထန်ဝမ်းပျက်ရောဂါလို့ ရေးကြတယ်။

ရောဂါအမည်ကို ထင်သလိုရေးတာ မကောင်းပါ။

ဒုတိယရောဂါကို -

တချို့က သွေးလွန်တုပ်ကွေး အသစ်တဲ့။

တချို့က တုတ်ကွေးတဲ့။

ရောဂါအမည်ကို ထင်သလိုရေးတာ မကောင်းပါ။

တုပ်ကွေးကို တုတ်ကွေးလို့ ရေးတာလည်း မှားတယ်။

ကျန်းမာရေးဆိုတာ 

- ဖြဲမခြောက်ရပါ။

- လျှော့မပြောရပါ။

- မှားမရေးရပါ။

မြန်မာပြည်သားတွေ 

ဘယ်မှာနေနေ ကျန်းမာကြပါစေ။ 

ဘယ်မှာနေနေ ကျန်းမာအောင်ရေးတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ