HPV ကြွက်နို့ ဗိုင်းရပ်စ်

(ကန်တော့)

STI ခေါ် လိင်ကတဆင့်ကူးစက်ရောဂါအမျိုးမျိုးထဲမှာ HPV ဗိုင်းရပ်စ်ဟာ အဖြစ်အများဆုံး။

HIV ဗိုင်းရပ်စ်နဲ့မတူ။ HSV ခေါ် ရေယုံ ဗိုင်းရပ်စ် နဲ့လည်း မတူပါ။ 

HPV ဗိုင်းရပ်စ်အများအစားတွေက များတယ်။ တချို့က လိင်လမ်းကြွက်နို့နဲ့ ကင်ဆာဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။

အများအားဖြင့် ကူးစက်ခံရပြီး အလိုလိုပျောက်သွားတယ်။ မပျောက်ရင်တော့ ရောဂါရမယ်။ လိင်လမ်းကြွက်နို့နဲ့ ကင်ဆာ။ ကင်ဆာဖြစ်လာဘို့ ၁၀ နှစ်တွေကြာနိုင်တယ်။ ဆယ်နှစ်ကျော်အထိနေသေးတယ်။ ဘယ်သူတွေမှာ ကင်ဆာလာဖြစ်မလဲ ကြိုတင် မသိနိုင်။ 

HPV vaccine ကာကွယ်ဆေးကို အသက် ၁၁-၁၂ နှစ်မှာထိုးစေတယ်။ ၂ ခါထိုးရတယ်။ ၂၆ နှစ်ကျော်သူတွေ ထိုးရန်မလိုတော့ပါ။ အသက် ၂၁ ကနေ ၆၅ နှစ်ကြားရှိသူတွေကို သတ်မှတ်ချက်နှစ်တွေမှာ ကင်ဆာဖြစ်နေ မနေ စစ်ဆေးရတယ်။ စောစောသိလေ ပျောက်နိုင်လေ။

ယူအက်စ်အေမှာ အမေရိကမှာ လူပေါင်း ၇၉ သန်း HPV ကူးစက်ခံထားရတယ်။ အသက် ၂၀ ဝန်းကျင်တွေက အများဆုံး။ Genital warts လိင်လမ်းကြွက်နို့ကို ကာကွယ်ဆေးမပေါ်မီက နှစ်စဉ် ၃ သိန်း ၄ သောင်းကနေ ၃ သိန်း ၆ သောင်းအထိ လူနာသစ်တွေ့ရှိတယ်။ မျိုးပွါးနိုင်တဲ့အရွယ်တွေ ၁၀၀ မှ ၁ ယောက်။ Cervical cancer သားအိမ်ဝကင်ဆာ နှစ်စဉ် အမျိုးသမီးပေါင်း ၁ သိန်း ၂ သောင်းလူနာသစ်တွေ့တယ်။ ၄၀၀၀ ယောက် သေဆုံးနေတယ်။

ကြွက်နို့ဆိုတာ အမြင်မှာပျောက်ပေမဲ့ ပိုးကူးစက်ခံထားရခြင်း မပျောက်ပါ။ ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဆိုတာ အလွန်မှန်တယ်။

ဒေါက်တာတင့်ဆွေ

၂၁-၇-၂၀၁၉

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ