Myth ကလေး ဆေးတိုက်ရင် အူပါးသလား

ဆရာ ကျွန်မသမီးလေးက ဆယ်ရက်ရပါပြီ မျက်နှာမှာရော တကိုယ်လုံး အပူဖုလေးတွေပေါက်နေလို့ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ။ ပြီးရင် မိခင်ရဲ့နို့သီးခေါင်းမှာကွဲပြီးအနာဖြစ်ကာ ပြည်တည်နေပါတယ်။ ဒါပေမယ့် ကလေးကို အနာခံပြီး နို့တိုက်နေပါတယ်။ ပျောက်နိုင်မယ့်နည်းလေးများရှိမလားဆရာ။

ကလေးကို ရာသီဥတုနဲ့ အဆင်ပြေအောင်ထားသင့်။ ရေချိုးသင့်။ ရေခြောက်မှ အဝတ်ပတ်သင့်။ အရပ်ဆေးတွေ မလိမ်းသင့်။ နို့ကိုလည်း ကလေးစို့ပြီး ခြောက်အောင်လုပ်ပြီးမှ အတွင်းခံမဖုံးသင့်။ ပါရစီတမော သောက်နိုင်။ ကလေး အနေရခက်မယ်ထင်ရင် Calamine lotion ပါးပါး လိမ်းနိုင်။

ဆရာ လသားအရွယ်ကလေးက တပတ် ဆယ်ရက်ဝမ်းမသွားတာ ပုံမှန်ပဲလားဆရာ သမီးလေးက အခုတလကျော်ပါပြီ။ ဝမ်းမသွားတာ ငါးရက်ရှိပြီဆရာ ဘာလုပ်ရမှန်းမသိလို့ပါ။

Constipation in children ကလေးတွေဝမ်းချုပ်ရင် https://doctortintswe.blogspot.com/…/constipation-in-childr… စာပို့လိုက်ပါတယ်။

တလကျော်အရွယ်ကလေးကို ဆေးတိုက်ရင် အူပါးတတ်တယ်ပြောလို့ပါ ဟုတ်လားဆရာ။

မသိပါ။ ကလေးအထူးကုဆရာဝန်ကပြောရင် မှန်ပါတယ်။

ကလေးဆေးတိုက်ရင် အူပါးတယ်ပြောတာ ဘာဆေးလဲတော့ မသိပါ။ ကလေးမွေးကာစ OPV ပိုလီယို ၁။ ၁ လခွဲ OPV ပိုလီယို ၂။ ၂ လခွဲ OPV ပိုလီယို ၃။ ၃ လခွဲ OPV ပိုလီယို ၄ နဲ့ ၄ လခွဲ OPV ပိုလီယိုကာကွယ်ဆေးကို ၅ ပါးစပ်ကနေ တိုက်ပါတယ်။

အဲလိုပြောတဲ့သူတွေက ကလေးအူပါးတာကို ဘယ်လိုနည်းနဲ့သိကြပါသလဲ။ အူးပါးတဲ့ရောဂါ မရှိပါ။

ဒေါက်တာတင့်ဆွေ

၂၁-၇-၂၀၁၇

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ