Paxlovid ကိုဗစ်ကုသဆေး

မနေ့က ကိုဗစ် စစ်လို့ တွေတဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒန်ကို ပေးနေတဲ့ဆေး။

အမေရိကန် FDA က နေ EUA အရေးပေါ်သုံးအဖြစ် အသိအမှတ်ပြုထားတဲ့ဆေးဖြစ်တယ်။ 

အသက် ၁၂ နှစ်အထက်အတွက်ဖြစ်တယ်။

ဆေးပေးတာနဲ့ Paxlovid rebound လူနာဟာ နလံထသလိုဖြစ်လာမယ်။ ခံစားနေရတာတွေ ၂ ပတ်အတွင်း သက်သာလာမယ်။ ဆေးကို ၅ ရက်ပေးရတယ်။ ၇-၁၀ ရက်လည်း ပေးနိုင်မလား စမ်းသပ်နေဆဲ။

Paxlovid ဆေးက viral replication ဗိုင်းရပ်စ်ပိုးတွေ ပွားတာကို တားပေးမယ်။

ဆေးသုတေသနလေ့လာမှုတွေကို Delta variant ကာလတုန်းကတည်းက လုပ်နေခဲ့တာဖြစ်တယ်။

ဆေးရဲ့ ဘေးထွက်သက်ရောက်မှုများ

ပျို့၊ ဗိုက်မကောင်း၊ ဝမ်းပျက်၊ အရသာပျက်၊ ကြွက်သားတွေနာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ