Beautiful scenes ကဗျာသမား

ကဗျာသမားတချို့က သာသာယာယာနေရာလေးတွေဆီ သွားလာပြီး ကဗျာရေးချင်သတဲ့။

ကဗျာသမားတချို့က သောက်စရာတခုခု သောက်စားရင်း ကဗျာရေးချင်သတဲ့။

ဆရာဝန်နဲ့တော့ မတူကြပါ။

ကျွန်တော် ဆေးပညာစာတွေရေးနေတာ ၁၅ နှစ်ကျော်ပြီ။ ဆေးကျောင်းမှာသင်တဲ့ ဆေးပညာတခန်းပြီးတခန်း စီစဉ်ပြီး မရေးပါ။

ခေါင်းကိုက်လို့ဆရာ။ ခေါင်းကိုက် ဖြစ်စေ ပျောက်တဲ့စာ။

ကိုယ်ဝန်ရှိစ၊ သုံးလေးလ၊ မွေးတော့မယ်ဆရာ။ ကိုယ်ဝန်အကြောင်း ဖြစ်ကြောင်းကုန်စင်။

ကလေးကဗိုက်နာ ညမှာမအိပ်ရ။ ကလေးဆေးပညာထဲက သက်ဆိုင်တာထုတ်နှုတ်ရေးရ။

ကုန်ကြမ်းဆိုတာ မေးခွန်းတွေထဲမှာ။

ဆရာဝန်ဆိုတာ ကဗျာဆရာတွေလို ဈာန်ဝင်မှ စာရေးရတာမဟုတ်ပါ။ 

သာသာယာယာနေရမှာ ဝေဒနာ မတွေ့ပါ။

လက်ဖက်ရည်ဆိုင်မှာ ရောဂါဗေဒ ကျမ်းမရှိ။

သို့သော် မက်စင်ဂျာနဲ့ ဘုန်းတော်ကြီးကျောင်းမှာ သွေးတိုး ဆီးချို ကိုလက်စထော ပေါ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ