မလိုအပ်တာ ဘယ်အရာမဆို ဘယ်အခါမှ မလုပ်သင့်

ဆရာရှင့်ကိုယ်ဝန်ဆောင်သည်ကဓါတ်ဆားရည်ကိုမလိုအပ်ဘဲနေ့တိုင်းသောက်လို့ရပါသလားရှင့် ကလေးအသားဖြူအောင် Royal D ဓါတ်ဆားသောက်တယ်ပြောနေကြလို့ပါ ကျေးဇူးပြု ပြီးဖြေကြားပေးပါရှင့်

မလိုအပ်တာတော့ ဘယ်အရာမဆို ဘယ်အခါမှ မလုပ်သင့်။

အသားအရေအရောင်ဆိုတာ မျိုးဗီဇနဲ့ဆိုင်တယ်။ ဂျီးန် ခေါ် မျိုးဗီဇကို ဘယ်ဆေးနဲ့မှ ပြောင်းမရပါ။ အဲတာကြောင့် ကင်ဆာပျောက်ဆေး၊ အသားဖြူဆေး၊ အရပ်ရှည်ဆေး၊ မျကိစ်ပါဆေး မပေါ်သေးတာ။

နေပူထဲထွက်ရင် နေလောင်လို့ အရောင်ပြောင်းမယ်။ ဂျွန်းဒစ် ခေါ် အသားဝါရောဂါဖြစ်ရင် ဝါမယ်။ မိတ်ကပ်လိမ်းထားရင် မိတ်ကပ်ရောင်ဖြစ်မယ်။ 

ဆေးနည်းပေးသူဟာ ဆရာဝန်လား ဆေးရောင်းသူလား သိသင့်တယ်။

ဒေါက်တာတင့်ဆွေ

၁၅-၈-၂၀၁၈

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း