အမေး မဟော်သဓာ

ဆရာတော်တပါးတင်ထားတာ = ကိုယ်က အသက်ကြီးတဲ့ လူကြီးဖြစ်တာမို့ လူငယ်တွေကို တခုခုသင်ပေးချင်တယ်ဆိုရင် မေးခွန်းထုတ်တတ်ဖို့ပဲ သင်ပေးလိုက်ပါ။

တပည့်တော် မေးနည်းစည်းကမ်းကို အခါတထောင်လောက်တင်ရပါတယ်။ 

ကျန်းမာရေးမေးသူတွေက အသက်-ကျား-မ မပြောဘဲမေးကြတယ်။ ဖြစ်နေတာ ဘယ်လောက်ကြာပြီလည်း မပြော။ ဘာဆေးသောက်ရမလဲသာ မေးကြတယ်။

တချို့ကတော့ သူများဖြစ်တာကို ကိုယ်ဖြစ်တာလိုလို မေးကြတယ်။

တချို့ကတော့ သမီးတဲ့။ မေးတဲ့သူရဲ့ သမီး (မြေးမလေး) လား လို့ ပြန်မေးရတယ်။

တချို့ကတော့ သားကောင်မလေးတဲ့။ ချွေးမလား ပြန်မေးရတယ်။

တချို့ကတော့ သူတို့အဘကိုသာမေးတယ်။ဆရာဝန်ကို မမေးပါ။

တချို့ကတော့ အပြည့်အစုံ သိချင်ပါတယ်တဲ့။

တချို့ကတော့ ဖြေတာ ဆရာဝန်ကလျှာရှည်လို့တဲ့။

အဖြေ နွားကျောင်းသား။

(ပုံအတွက် ကျေးဇူး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ