ရုရှားနဲ့ ပြဒါး
The chess star accused of such a doing is said to be named Amina Abakarova. The opponent she poisoned was her childhood rival Umayganat Osmanova. Abakarova has been arrested by the police for the act and could be handed at least three years of imprisonment if found guilty, as per reports.
ရုရှားဟာ ချက်စ်ကစားနည်းနဲ့အတူ အဆိပ်ခပ်တာ နာမည်ကြီးတယ်။
Garry Kasparov ဂယ်ရီ ကက်စ်ပါးရော့ အမည်ကို မြန်မာပြည်ကလည်း သိကြတယ်။
လက်ရှိသမတ ပူတင်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေ ဘယ်နေရာရောက်နေနေ အဆိပ်ခတ်သတ်တယ်။ တချို့သေကြရတယ်။
Mercury poisoning ပြဒါးဆိပ်သင့်တာကနေ Acrodynia (Pink disease) ပန်းရောင်ရောဂါ၊ Hunter-Russell syndrome ဆင်ဒရုမ်းရောဂါ၊ Minamata disease ရောဂါတွေကိုဖြစ်စေပါတယ်။
ပြဒါးဆိပ်သင့်သူတွေမှာ အာရုံခံမှုအားနည်းလာမယ်။ အမြင်-အကြားနဲ့ စကားပြောတာတွေဖြစ်တယ်။ ထိန်းညှိပြီး လုပ်ရတာတွေမှာလည်း အားနည်းလာမယ်။ ထုံကျင်တာ၊ ယားယံတာ၊ ပူလောင်တာ၊ နာတာ၊ အင်းဆက်ကောင် ကိုက်ခံရသလိုနေတာတွေဖြစ်မယ်။ အရေပြားအရောင်ပြောင်းမယ်။ ပါးတွေ၊ လက်ထိပ်-ခြေထိပ်တွေ ပန်းရောင် သန်းလာမယ်။ ရောင်နေမယ်။ တံတွေးများမယ်။ ချွေးများမယ်။ သွေးတက်မယ်။ နှလုံးခုန်မြန်မယ်။ ကလေးတွေမှာဖြစ်ရင် ကျောက်ကပ်ထိခိုက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်လှုတ်ရှားမှုထိခိုက်မယ်။ ပြဒါးပါနေတာတွေကို ဖယ်ရှာရမယ်။ ရေ + ဆပ်ပြာနဲ့ဆေးရမယ်။ မျက်စိထဲဝင်ရင် ဆားရည်နဲ့ဆေးပါ။ Chelation therapy ကုသနည်းလုပ်ရမယ်။ DMSA, 2,3-dimercapto-1-propanesulfonic acid (DMPS) ကိုသုံးတယ်။ FDA အသိအမှတ်ြု့တားတယ်။ D-penicillamine (DPCN) or dimercaprol (BAL) ဆေးတွေလည်းသုံးတယ်။ ဆေးကုရင်ပျောက်နိုင်တယ်။
Chindwin River dangerously polluted by mercury သတင်း ၁ဝ-၂-၂ဝ၁၄ နေက ထွက်ခဲ့တယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ကလေး-ကဘော် လွင်ပြင်မှာ ရွှေတူးဖေါ်ရေးလုပ်ရကနေဆက်ပြီး ပြဒါးဆိပ်သင့်မှု ဖြစ်ပါတယ်။ ငါးတွေကိုလည်း ပြဒါးဆိပ်သင့်နေပါပြီတဲ့။
ငါး နဲ့ ပြဒါး https://dr-tint-swe.blogspot.com/2022/07/blog-post_855.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment