‘Cancer Moonshot’ လကမ္ဘာ ကင်ဆာဆေးထိုးချက်

၁၂-၉-၂၀၂၂ Joe's Cancer Moonshot ဂျိုး၏ လကမ္ဘာ ကင်ဆာဆေးထိုးချက်

အခု ထွက်တဲ့သတင်း။ အမေရိကန်သမတဂျိုးဘိုင်ဒင်ရဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ ဆန်းသစ်တဲ့ ဆောင်ရွက်ချက်တခု ဖြစ်ပါတယ်။ လက်ရှိကင်ဆာကြောင့် သေဆုံးနေရမှုကို လာမဲ့ ၂၅ နှစ်ဆိုရင် ထက်ဝက်ကျဆင်းစေရမဲ့ အစီအစဉ်သစ်ကို အစပျိုးလိုက်ပါတယ်။ 

အိမ်ဖြူတော်ကနေ ဘော့စတွန်သွားပြီး ချပြခြင်းဖြစ်တယ်။ ကနေ့ဟာ လကမာ္ဘပေါ်မှာ အခြေချနိုင်ခြင်းကို ဖြစ်ပေါ်လာစေမဲ့ မိန့်ခွန်းနှစ်ပတ်လည်နေ့လည်းဖြစ်လို့ အသုံးအနှုန်းမှာ လကမာ္ဘ ကင်ဆာဆေးထိုးချက်လို့ ခေါ်ပါသတဲ့။

ဘော်စတွန်မှာရှိတဲ့ ကနေဒီစာကြည့်တိုက်မှာ သမတ John F. Kennedy ကနေဒီရဲ့ ထင်ရှားတဲ့မိန့်ခွန်း ပြောခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ က အနာဂတ်အာကာသခရီးစဉ်အကြောင်း။ ၁၉၆၂ ခုနှစ် ကျွန်တော် ဆယ်ကျော်သက်မှာ သတင်းကြားခဲ့ပါတယ်။ နောက် ၇ နှစ်အကြာ လပေါ်မှာ တကယ်ခြေချနိုင်ခဲ့တယ်။

ဖက်ဒရယ်အစိုးရရံပုံငွေတွေ ချပေးမယ်။ Biotechnology ဘိုင်အိုနည်းပညာ သုတေသနအတွက် သုံးစွဲမယ်။

အမေရိကန် ဆေးပညာသစ်တွေရှိချက်တွေကို တစိတ်တပိုင်းအားဖြင့် မြန်မာပြည်မှာလည်း အသုံးချနိုင်မယ်လို့ ယူဆမိပါတယ်။ ကင်ဆာလူနာတွေအတွက် မျှော်လင့်ချက်ဖြစ်တယ်။

၁၃-၈-၂၀၂၄ ကနေ့ သတင်းအဆက်ထွက်ပါတယ်။ 

ကင်ဆာပရေဂျက်ကြီးအတွက် စုစုပေါင်း ဒေါ်လာ ၄ ဘီလီယန်သုံးမယ်။

ကင်ဆာသုတေသနပြုမဲ့အဖွဲ့တွေကို ရံပုံငွေချပေးတယ်။ Tulane University က ဒေါ်လာ ၂၃ သန်းရတယ်။ တခြားသုတေသနအဖွဲ့တွေကလည်း ဒေါ်လာ သန်း ၄၀၀ ရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ