Cyproheptadine ဝချင်လို့ပေးတဲ့ဆေး

 

၁။ မင်္ဂလာပါ ဆရာ။ သိချင်တာလေးရှိလို့ ထပ်မေးပါရစေရှင့်။ သမီးအသက် ၂၆နှစ်ပါ။ ကလေးမရှိသေးပါ။ တားဆေးကတော့ (မာဗယ်လွန်28) သောက်နေပါတယ်။ လက်ရှိ စွဲသောက်နေတဲ့ဆေးကတော့ Cyproheptadine ဖြစ်ပါတယ်။ အစာစားချင်စိတ်မရှိပဲ လူကလဲပိန်နေလို့ ဆရာဝန်က အဲ့ဒီဆေးသောက်ခိုင်းလို့ပါ။ အစားပြန်စားနိုင်လာရင်တော့ ဖြတ်ခိုင်းထားပါတယ်။ သောက်နေတာ ၄လလောက် ရှိပါပြီ။ စားကောင်း အိပ်ကောင်းပါတယ်။ ဒါပေမယ့် သမီးက ဒီနှစ်ကုန်ရင် ကလေးယူဖို့အစီအစဉ်ရှိတော့ ဆေးကို ကိုယ်ဝန်မဆောင်ခင် ဘယ်အချိန်လောက်ကတည်းက ကြိုဖြတ်ထားရမလဲ သိချင်လို့ပါ။ ဆေးဖြတ်လိုက်ရင်တော့ အရင်လို အစာစားချင်စိတ်မရှိပဲ ပြန်ပိန်တော့မယ်ဆရာရယ်။ ကိုယ်ဝန်မဆောင်ခင်မှာ အာဟာရရှိရှိနဲ့ ကျန်းမာဝဖြိုးနေချင်လို့ Side effects မရှိပဲ စွဲသောက်လို့ရမယ့် အားဆေးရှိရင်လဲ ညွှန်ပေးပါဦး ဆရာ။ သမီးကို ဘလော့မှာတော့ ရှာမဖတ်ခိုင်းပါနဲ့နော်။ ဆရာမအားရင် အဖြေကို တိုတိုနဲ့လိုရင်းပဲ ဖြေပေးလဲရပါတယ် ဆရာ။ မအားလပ်တဲ့ကြားက မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးတဲ့အတွက်လဲ ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်။ လေးစားစွာဖြင့်

၂။ ပုံပါတွဲပို့ပေးလိုက်ပါတယ်ဆရာ။ ဆေးသုံးမျိုးပါ။ သမီးက ဝချင်တယ်ဆိုလို့ ဆရာမက အဲဒီဆေးတွေ သောက်ခိုင်းပါတယ်။ အဖြူရောင်ဆေးကဒ်ကတော့ စားဝင်အိပ်ပျော်တဲ့ဆေးတဲ့။ နောက်ကျောဘက်ကိုပါ ဆေးနာမည် မြင်ရအောင် ရိုက်ပေးထားပါတယ်။ အနီရောင်ဆေးတောင့်ကတော့ အားဆေးတဲ့ စွဲသောက်လို့ ရပါတယ်တဲ့။ အဖြူရောင် တစ်လုံးတည်းကတော့ ဝတဲ့ဆေးတဲ့။ cox လို့ ရေးထားပါတယ်။ သူကတော့ စွဲသောက်ဖို့မသင့်ပါဘူးတဲ့ဆရာ။ ပထမ ၂ မျိုးကတော့ တစ်နေ့ကို ၁ လုံးပဲ သောက်ရပါတယ်။ နောက်ဆုံးတစ်မျိုး cox ကတော့ တစ်နေ့ကို မနက်တစ်လုံး ညတစ်လုံး သောက်ရပါတယ်။ အဲဒီဆေးက သောက်ပြီး တစ်ပတ်လောက်ကြာရင် မျက်နှာဖောင်းလာပါတယ်။ စားလို့အိပ်လို့လဲ တော်တော်ကောင်းပါတယ်။ လူလည်း ဝလာပါတယ်။ ဒါပေမယ့် ဖြတ်လိုက်ရင် သိသိသာသာကြီး ပြန်ပိန်သွားပါတယ်။ စွဲသောက်ဖို့မသင့်လို့သာ ဖြတ်လိုက် သောက်လိုက် လုပ်ကြည့်တာပါ။ အမြဲတမ်းဝချင်ပါတယ်။ ဘေးဥပါဒ် မဖြစ်စေတဲ့ ဆေးမျိုး သောက်ချင်ပါတယ်။ အခုပို့ထားတဲ့ဆေးတွေကို ကြည့်ပြီး ဘယ်ဆေးက ဘယ်လိုဆိုတာ ပြောပြပေးပါလားဆရာ။

• Cyproheptadine ဆေးဟာ Antihistamine ခေါ်တဲ့ အင်တီ-ဟစ်စတမင်း ပဌမမျိုးဆက် ဆေးအုပ်စုဝင် ဖြစ်တယ်။

• (အလာဂျီ) ရတာကိုကုသနိုင်တယ်။ ဒါ့အပြင် ဒီဆေးမှာ Anticholinergic, Antiserotonergic နဲ့ Local anesthetic ဆေးသတ္တိတွေလဲရှိတယ်။

• Hay fever ခေါ်တဲ့ မတည့်တာနဲ့တွေလို့ မျက်ရည်တွေကျ၊ နှာချေ၊ နှာရည်ယို၊ ယားယံတာကို အဓိကသုံးတယ်။ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးတွေမက်တာကိုလဲ ပေးတယ်။ အထူးသဖြင့် Post-traumatic stress disorder စိတ်ထိခိုက်မှုကြုံရပြီးနောက် ခံစားရတာကို ပေးနိုင်တယ်။

• နဲနဲဆိုးတဲ့ Serotonin syndrome ခေါ်တဲ့ Selective serotonin reuptake inhibitors နဲ့ monoamine oxidase inhibitors ဆေးတွေပေးရတာကို သက်သာစေအောင်လဲသုံးတယ်။ Serotonin producing carcinoid tumour ကင်ဆာတမျိုးကြောင့် Serotonin ဓါတ်ထွက်တာကို သက်သာစေဘို့မှာလဲ သုံးတယ်။

• ကလေးတွေမှာ Migraine (မိုက်ဂရင်း) ခေါင်းမူးရောဂါကိုကာကွယ်ဘို့လဲသုံးနိုင်တယ်။

• SSRI စိတ်ကျဆေးသုံးရလို့ဖြစ်ရတဲ့ Sexual dysfunction လိင်ပိုင်းဆိုင်ရာအားနည်းချက်ကိုသက်သာအောင်လဲ သုံးနိုင်သေးတယ်။

• Drug-induced hyperhidrosis ဆေးကြောင့် ချွေးထွက်များလွန်းတာမှာလဲ ပေးတယ်။

• Cyclical vomiting syndrome အန်တဲ့ရောဂါကိုလဲပေးတယ်။

• ရေရှည်သုံးသူတွေမှာ (ကလေး၊ လူကြီး၊ တိရစာ္ဆန်) အစာစားချင်စိတ်တွေတိုးပြီး၊ လူ (အကောင်) က ကိုယ်အလေးချိန်တိုး လာတယ်။ ပိန်တဲ့သူတွေအတွက် ဆေးနည်းအဖြစ်ပေးလေ့ရှိတယ်။

• ဒီဆေးပေးရင် အိပ်လို့ကောင်းတယ်၊ စိတ်တည်ငြိမ်တယ်၊ စိတ်သက်သာရစေတယ်။ တကယ့် စိတ်ရောဂါ ရှိရင်တော့ မထူးခြားဘူး။

ဘေးထွက်သက်ရောက်မှုတွေ

• Drowsiness အိပ်ချင်မယ်၊

• Dizziness ခေါင်းမူး၊

• Blurred vision မျက်စိကြည့်မကောင်း၊

• Constipation ဝမ်းချုပ်၊

• Dry mouth, throat, or nose အာခေါင်၊ လည်ပင်း၊ နှာခေါင်းခြောက်၊

• Excitability စိတ်တက်ကြွ၊

• Nausea ပျို့ချင်၊

• Nervousness စိတ်လှုပ်ရှား၊

• Restlessness ဂနာမငြိမ်ဖြစ်၊

• သုတေသနတခုအရ 8–12 mg ကို ၅ ရက်ပေးရင်၊ ကြီးထွားဟော်မုန်းထုတ်တာ နည်းတယ်လို့ သိရတယ်။

ဒီဆေး မပေးသင့်သူတွေ -

• Any chronic disease နာတာရှည်ရောဂါရှိနေသူ၊

• Glaucoma မျက်စိရေတိမ်၊

• Prostate disease ယောက်ျားဆီးကျိတ်ရောဂါ၊

• Ulcers or other stomach problems အစာအိမ်လေနာ၊

• Pregnant or trying to get pregnant ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ဝန်ဆောင်ဘို့အလားအလာရှိနေသူ၊

• Breast-feeding ကလေးနို့တိုက်နေသူတွေ ဒီဆေးမပေးသင့်ပါ။ Cyproheptadine ကို (Cypon) (Periactin) (Peritol) စတဲ့နာမည်တွေနဲ့ရောင်းတယ်။ ဆေးပြား၊ ဆေးရည်၊ အစက်ချဆေးအနေနဲ့ လာတယ်။ ကလေးတွေ အစာစားချင်အောင် Cypon (Cyproheptadine) 4-8 mg ဒါမှမဟုတ် 10-20 drops တနေ့ ၃ ကြိမ်ပေးတယ်။

အထူးသတိပေးချက်

FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ ဒီဆေးနဲ့ပတ်သက်ပြီး အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ ရောင်းကုန်နာမည် Periactin အနေနဲ့လာတယ်။ သတိထားဘို့ဖြစ်ပါတယ်။ 

Cypon syrup (ဆိုက်ပွန်) ဆေးရည် https://doctortintswe.blogspot.com/2016/02/cypon-syrup.html 

Tonics for Children ကလေးအားဆေး https://doctortintswe.blogspot.com/2017/06/tonics-for-children.html

Tonics အားဆေး https://doctortintswe.blogspot.com/2014/11/tonics.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ