DiGeorge syndrome ရောဂါ

ကွန်မင့်တခု = ကျမကလေး လက်ရှိကလေးဆေးရုံကြီးမှာပါ သူ့ဖခင်ဘက်မှဗီစချို့ယွင်းမှုကြောင့်ရိုမီုဇုမ်ချိုးယွင်းပြီး DiGeorge syndrome ရောဂါသည်လေးအဖြစ် မွေးလာပါတယ် နောက်ဆက်တွဲဆိုးကျိုးက နှလုံးရောဂါပါ လက်ရှိ၃ လပြည့်ပြီ မွေးကင်းစဝိတ်ကနေမတက်လို့ ဆရာဝန်တွေစိုးရိမ်နေပါတယ် ၂ နာရီခြား ၄၀ ml တိုက်ရာကနေ ၃ နာရီခြား၇၅ ml ဒီနေ့ မြှင့်တင်ပေးကြပါတယ် မိခင်နို့ထဲ နို့မှုန့်ထည့်တိုက်တာပါ ဒါလည်းအန်မြဲအန်ဆဲပါဘဲ ဘယ်အထိ အန်မယ်မသိတော့ပါဘူး နို့သောက်ပြီးတိုင်း အန်လို့သနားလှပါပြီ ဒီတောင်ကျော်နိုင်ဖို့ အစွမ်းကုန်အားထုတ်နေဆဲပါ ဘာချို့ယွင်းချက်မပါဘဲပုံမှန်မွေးလာတဲ့ကလေးတွေကို အားကျမိပါတယ် မိခင်နို့သာ အကောင်းဆုံးပါ မိခင်နို့အပြင် ဖေါ်မြူလာနို့မှုန့်ကူစရာလိုမယ်မှန်း ယခင်ကမသိခဲ့ပါဘူး ကယ်လိုရီတိုင်းချိန်ဆပေးရတယ် မောလာပါပြီ ၃နာရီခြား ၃ လဆက်တိုက်နို့ထတိုက်ပေးရလို့ ရေရှည်မှာ မကျန်းမမာဖြစ်နိုင်ပါတယ်။

ဆောရီး။

DiGeorge syndrome ဆိုတာ မွေးရာပါရောဂါတမျိုးဖြစ်တယ်။ တသက်လုံးခံစားနေရမှာတွေရှိတယ်။ ဆောရီး။

နှလုံးချို့ယွင်းမှုနဲ့ စာသင်ကြားမှုထိခိုက်ခြင်းတွေ ဖြစ်တယ်။

မွေးဖွာလာပြီးနောက် ကလေးအတွက် နို့နဲ့ အစားအသောက်အတွက် တခြားကလေးတွေနဲ့ ကွာခြားမှု မရှိပါ။ 

ဆိုးတာအဆင့်တွေ မတူကြပါ။ တချို့ သိပ်မဆိုးလှပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ