Health sex ratio ယောက်ျားနဲ့ မိန်းမ ဘယ်သူကပိုကျန်းမာသလဲ

(၁၀ နှစ်တိတိကစာ)

ဘုန်းကြီးတပါးက မိန့်တယ်။ တကာကြီးတော့ ဇီဝိတဒါနလုပ်ရလို့ ကျန်းမာနေပုံဘဲတဲ့။ တကာကြီးရေးတဲ့ စာတွေကို တကာမတွေက ပိုဖတ်ကြတယ်ထင်တယ်တဲ့။

တင်ပါ့ဘုရား၊ တပည့်တော် ယမုန်နာဆေးခန်းလေးမှာ လာတဲ့လူနာတွေရဲ့ ၆၅% က အမျိုးသမီးတွေဖြစ်ကြတယ်။

တခါက မေးခွန်းမေးတဲ့ အမျိုးသားတယောက်က သူမေးထားတာကို မဖြေသေးလို့ မိန်းကလေးတွေ မေးတာကိုမှသာဖြေတဲ့ ဆရာဝန်လားလို့ ငေါ့တာခံလိုက်ရတယ်။ 

မြန်မာပြည်မှာနေ့၊ ကျွန်တော့ဆီမှာည။ ၁၂ နာရီနောက်ကျလို့ အပြောခံရတယ်။

ပြည်ပနိုင်ငံရေးလုပ်ကတည်းက (ဂျင်ဒါ) ဆိုရင် လန့်နေရတာ။ 

မေးခွန်းမေးတဲ့သူတွေကိုတော့ ဆန်းစစ်မှု မလုပ်အားသေးပါ။ အမျိုးသမီးအရေအတွက်က များနေမလားတော့ မပြောတတ်ဘူးပေါ့။

ကန်တော့။ အမျိုးသားတွေမေးတာတွေက ဖေ့စ်ဘွတ်မှာတင်ဘို့ မသင့်တာတွေလဲပါနေလို့ အရေအတွက် နည်းတာလဲ ရှိသေးပါတယ်။

မွေးလူနာ ၃၄၉ ယောက်ကလည်း အမျိုးသမီးတွေ။

ဒေါက်တာတင့်ဆွေ

၂၄-၈-၂၀၁၄

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ