Imperfect မပြည့်စုံပါ

သမီးစိတ်ဝင်စားလို့ မေးကြည့်ချင်ပါတယ်။ ကွန်ပြူတာရှေ့မှာ မေးခွန်းတွေဖြေရတာနဲ့ လူနာကို ဆေးခန်းမှာ လက်တွေ့ကုရတာ ဆရာ့ရဲ့စိတ်ခံစားချက်အနည်းငယ်သိချင်မိနေပါတယ်ရှင့်။

ခံစားချက်ရယ်တော့ မဟုတ်ပါ။ တချို့မေးတာတွေကိုတော့ စာနဲ့ဖြေတာက ကုသပေးရသလိုလို၊ တချို့ကိုတော့ အသိပညာပေးရသလိုလို၊ တချို့ကတော့ မျက်မမြင် ဆင်စမ်းခိုင်သလိုလိုဖြစ်တယ်။ 

မျက်စိနဲ့ နားနဲ့ လက်နဲ့ လုပ်ပေးဖို့ လိုတာတွေအတွက်တော့ အားမရပါ။ ဆရာဝန်ကိုယ်တိုင်က လူနာလိုဖြစ်ရတယ်။

လူနာကို ကိုယ်တိုင်တွေ့ပြီးကုသရတဲ့အခါတွေမှာလည်း အားမရတာတွေရှိပါတယ်။ လူနာက မေးတာကို ဓမ္မဒိဋ္ဌာန်ကျကျ ပြန်ဖြေသူမျိုးဆိုရင် အဆင်ပြေတယ်။ 

ဆရာဝန်ကိုယ်တိုင်ကလည်း ဇီဝကမဟုတ်ပါ။ 

ကျွန်တော့်လောကမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိခဲ့ပါ။ မည်သူ ပြည့်စုံပါသနည်း။ 

ဒေါက်တာတင့်ဆွေ

၂၂-၈-၂၀၁၇

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ