Long tongue လျှာရှည်တဲ့ဆရာဝန်

လွန်ခဲ့တဲ့ ၁၀ နှစ်တိတိက မေးခွန်းတခုရတယ်။ 

မေးတာက Ecee-2 ခေါ် အရေးပေါ် ကိုယ်ဝန်တားဆေး။ ဖြေတော့ သူကပြန်ရေးတယ် ရလာဒ်ကို မေးတာလေ။ Side Effect ကို သိချင်လို့ မေးတာလေ။ သမိုင်းကြောင်းကိုမေးနေတာမှ မဟုတ်ပဲ။ အဖြေလွဲနေပါတယ် တဲ့။

ဆောရီး။

ရလဒ်လို့သာ ရေးရတယ်။ စာထဲမှာ ဘေးထွက်ဆိုးကျိုး အားလုံးပါတယ်။ ဆေးပညာစာတွေကို အကြောင်းအရာတခုလုံး ရေးထားရတယ်။ မေးခွန်းလာရင် တန်းပို့ပေးပါတယ်။ မသိချင်တာပါရင် ကျော်သွားနိုင်ပါတယ်။ 

ဆရာဝန်တွေက အရင်ဆုံး ရောဂါအမည်သိအောင်လုပ်ရတယ်။ ကုသပေးမယ်။ လိုအပ်ရင် ပညာပေးရတယ်။

တချို့ တိုတိုတဲ့။

တချိုက စုံအောင်တဲ့။

မေးခွန်းထဲမှာ တိုတို ရှည်ရှည်မပါတော့ ဆရာဝန် အဖြေမှားရော။

မေးတာထက်ပိုပြောမိလို့ အငေါက်ခံရတာတော့ အဲဒီတခါသာကြုံရသေးတယ်။ ကိုကို တာတီပိုး ဆိုတဲ့ အိုင်ဒီကနေ မေးတာပါ။

ဒေါက်တာတင်ဆွေ

၁၇-၈-၂၀၁၄

Comments