Margarine မာဂျရင်း

ဗိုက်ဗိုက်တို့ရှောင်ကြဉ်သင့်သော အစားအစာများဆိုတဲ့ဆောင်းပါးထဲမှာ မာဂျရင်းဆိုတဲ့ အစားအစာတမျိုးပါနေပါတယ် အဲ့ဒါ ဘယ်လိုအစားအစာလဲဆိုတာ ပြောပြပေးပါဆရာ လေးစားလျှက်

အဲဒီ ဗိုက်ဗိုက်တို့ ရှောင်ကြဉ်သင့်သော အစားအစာများကို ဘယ်သူရေးသလဲ မသိ။ ကျွန်တော်ရေးတာတော့ မဟုတ်လောက်။ ကျွန်တော်က ကိုယ်ဝန်ဆောင်လို့သာ ရေးတယ်။ ဗိုက်ခေါက်ထူတာကိုပြောသလားတော့ မသိ။

Margarine မာဂျရင်းကို ထောပတ်တုလို့လည်း ခေါ်ကြတယ်။ ၁၈၆၉ ခုနှစ်ကတည်းက ပြင်သစ်မှာ တတိယ နပိုလီယန် လက်ထက်မှာ စသုံးတယ်။

ထောပတ်ကို နွာနို့ကနေလုပ်တယ်။ မာဂျရင်းကို အသီးအနှံဆီနဲ့ ရေကနေလုပ်တယ်။ နွားနို့ပါတာလည်းရှိတယ်။ အဆီဓါတ် အနည်းဆုံး ၈၀% ပါတယ်။ ယူအက်အေမှာ နွားနို့မပါ။ အဆီပါနှုန်း မတူကြ။

ကျန်းမာရေးအရယှဉ်ကြည့်ရင် မာဂျရင်းက ထောပတ်ထက် သာတယ်။ ဆိုးတဲ့ကိုလက်စထော မများစေပါ။ နှလုံးရောဂါအတွက် မာဂျရင်းက ထောပတ်ထက်သင့်တယ်။ 

ဒေါက်တာတင့်ဆွေ

၃၀-၈-၂၀၁၈

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ