Medical Facts ဆေးပညာအချက်အလက်များ

• နှလုံးသည် တနေ့လျှင် အကြိမ် ၁၀၀၀၀ ခုန်နေသည်။

• သွေးနီဥသည် ပျမ်းမျှ ရက်ပေါင်း ၁၂၀ အသက်ရှင်သည်။

• ကိုယ်ထဲမှာ သွေးနီဥပေါင်း ၂့၅ ထွီလီယန်ရှိသည်။

• စက္ကန့်တိုင်းမှာ သွေးနီဥအသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။

• သွေးသည် မိုင် ၆၀၀၀၀ ခရီးသွားနေခြင်းဖြစ်သည်။

• သွေးနီဥတခုသည် သင့်ကိုယ်ခန္ဓာထဲ လှည့်လည်ရန်အချိန် ၂ဝ စက္ကန့်ထက်နည်းသည်။

• နှာချေခြင်းသည် ၁ နာရီ ၁၆၆ ကီလိုမီတာနှုန်း၊ ချောင်းဆိုးခြင်းသည် ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်းရှိသည်။

• အဆုတ်၏မျက်နှာပြင်ဧရိယာသည် တင်းနစ်တကွင်းစာလောက်ကျယ်သည်။

• သင့်အဆုပ်သည် နေ့စဉ် လေ လီတာ ၂ သန်းကိုရှူနေသည်။

• အဆုတ်ထဲက ကပယ်လရီ ခေါ် သွေးကြောလေးများကို တခုနှင့်တခုဆက်လိုက်ပါက ၁၆၀၀ ကီလိုမီတာရှည်မည်။

• အသက်ရှူထုတ်ခြင်းမှ တနေ့ ရေလီတာဝက်ကုန်ဆုံးစေသည်။

• မိနစ်တိုင်းမှာ လေ ၆့၁၅ လီတာခန့်ရှူသွင်းနေသည်။

• အသက်ရှူနှုန်းသည် ကလေးများနှင့် အမျိုးသမီးများထက် ယောက်ျားတွေက ပိုမြန်သည်။

• မျက်စိသည် အရောင် ၁ သန်းကိုခွဲမြင်နိုင်ပြီး၊ အဝေးကြည့်မှန်ပြောင်းမှန်သမျှ ထက်သာသည်။

• အာရုံကြော၏တုန့်ပြန်မှုသည် ၁ နာရီ ၄၀၀ ကီလိုမီတာနှုန်းမြန်သည်။

• စက္ကန့်တိုင်းမှာ တစ်ရှူးအသစ်နှင့် ဆဲလ်အသစ်စုစုပေါင်း ၂၅ သန်း ဖြစ်ပေါ်နေသည်။

စာဖတ်ရသူတွေ အသက် ၁၂၀ ရှည်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၂၁-၈-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ