Ovarian Endometriosis အရည်အိတ်

(ovarian endometrioma)

ဆရာ အသက် ၃၃နှစ် အမျိုးသမီး  ဓမ္မတာပုံမှန်လာတယ် အိမ်ထောင်မရှိ ပါဘူး  ဘယ်ဘက်နံရိုးအောက်က အရမ်းနာနေလို့ပါဆရာ အသက်ရှုသွင်းလိုက်ရင်နာတာပိုသိသာတယ် ဘယ်ဘက်​စောင်းအိပ်လို့မရဘူး ညာဘက်ကို ဒူးကွေးပြီးစောင်းအိပ်မရဘူး ပက်လက်အိပ်ရင်သက်သာတယ် ဖြစ်တာ ၃ရက်လောက်ရှိပြီ အရမ်းမနာသေးဘူး ခုမနက် ပက်လက်အိပ်နေတာတောင်နာနေပါတယ် အရင်တစ်ခေါက်(တခေါက်)က အဲ့လိုနာဖူးပါတယ် 27.7.2024 အဲ့တုန်းက နံရိုးအောက်လက်သုံးလုံးနေရာကနေခါးနောက်ဘက်ထိပါ ဆေးခန်းပြတယ် ဆေးထိုးပေးလိုက်ပြီး အန်ထရာဆောင်းရိုက်ခိုင်းပါတယ် အဖြေကြည့်ပြီးသောက်ဆေးပေးပါတယ် အဖြေမှာကျောက်ကပ် အသည်းကောင်းတယ် သအိမ်(သားအိမ်)မှာသွေးလုံးတည်နေတယ် ဆိုဒ်သေးတယ် နောက်မှ OGသက်သက်ပြရမယ်ပြောပါတယ် အဲ့ကပြန်လာပြီးထပ်မသွားပြဖြစ်ပါဘူး ခုက ဘယ်ဘက်နံရိုးအောက်ဘက် အရမ်းနာလာလို့ နိုးသွားတာပါဆရာ အန်ထရာဆောင်းထပ်ရိုက်ရမှာပါလား  ဘယ်လိုပြောပြီးရိုက်ရမလဲဆရာ ဖြေပေးပါနော်ဆရာ

အာထွာဆောင်းအဖြေစာ အောက်ဆုံးကစာကြောင်း သိပါသလား။

ဆရာ မဖတ်တက်(မဖတ်တတ်)လို့ ပုံရိုက်ပို့ပေးလို့ရမလားရှင် ခွင့်တောင်းပါတယ်နော်

စာကြောင်းနေရာကိုသာ သိလို။

အန်ထရာဆောင်းရိုက်ပေးတဲ့ဒေါက်တာက အသည်း ကျောက်ကပ်ကောင်းတယ် ဓမ္မလာရင်ကိုက်တာနာတာရှိလား ဓမ္မတာရောလာပြီးပြီလားမေးပါတယ် ဓမ္မတာလာရင်တော့အရမ်းကိုက်ပါတယ် တစ်ခါတစ်လေ(တခါတလေ) အကိုက်အခဲပျောက်ဆေး သောက်ရ ရေနွေးအိတ်ကပ်ရပါတယ် အန်ထရာဆောင်းရိုက်ထားတာကိုကြည့်ပြီး ဆရာဝန်က ရေအိတ်ရှိတယ် ဆိုဒ်သေးတယ် ခွဲဖို့မလိုသေးဘူးပြောပါတယ် သောက်ဆေးသောက်ပြီး ၅ရက်နေပြန်လာလို့ပြောပါတဲ့ ဖြစ်တဲ့နေရာနဲ့ရောဂါတွေ့တဲ့နေရာကမကိုက်ဘူးလို့ပြန်ပြရမယ်ပြောပါတယ် ဒါပေမယ့်ထပ်သွားမပြဖြစ်ပါဘူး လိုင်းပေါ်မှာ အမျိုးသမီးပတ်သက်ပြီး မေးလို့တဲ့ page ကဆရာမက အန်ထရာဆောင်းအဖြေကြည့်ပြီး သအိမ်(သားအိမ်)ရဲ့ ဘယ်ဘက်မှာ သွေးလုံးရှိတယ် OG ပြသင့်တယ်ပြောပါတယ် မနက်ကဆရာစာပို့နေချိန်က အရမ်းနာလာလို့ပါ ခုနာတာတော့နည်းနည်းသက်သာနေပါတယ်ဆရာ ရေတော့နည်းနည်းသောက်ထားပါတယ် ကျေးဇူးပြု၍ ဘာဆက်လုပ်သင့်လဲ ပြောပေးပါနော်ဆရာ

Left endometriotic cyst

ကုသနည်း

လူနာ့ အသက်၊ အိမ်ထောင်ရေးနဲ့ သားသမီးစတဲ့အခြေခံတွေအရ ကုသနည်းရွေးရတယ်။

အများအားဖြင့် မခွဲဘဲ စောင်ကြည့်ရတယ်။ နာတာအတွက် အနာသက်သောဆေးတွေ ပေးမယ်။ ဥပမာ Ibuprofen 200-400 mg စားဆေး။

၆-၈ ပတ်နေရင်ထပ်မေးမယ်။

လိုအပ်သူကို GnRH agonists အုပ်စုဝင် ဆေးပေးမယ်။

Leuprolide, goserelin, triptorelin and histrelin ဆေးတွေ ဖြစ်တယ်။ ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ အများအားဖြင့် သွေးဆုံးသလို ခံစားရမယ်။

ကလေးလိုချင်သေးသူတွေကို မပေးပါ။

တချို့ကို ခွဲစိတ်ကုသပေးမယ်။ ဆေးနဲ့မရသူတွေနဲ့ အရွယ်အစား 1.5 inches ရှိသူတွေကို ခွဲပေးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ