Premarin ဟော်မုန်းဆေး

(ကန်တော့)

ဆရာရှင့် ကျမအသက် ၄၃ နှစ်ပါ။ သားအိမ်နဲ့သားဥအိမ်ထုတ်လားတာ ၁ နှစ် ၇လပါ။ OG ပေးတဲ့ premarin 0.625 သောက်တာ ၆လရှိပါပြီ။ ဆက်သောက်လို့ရပါသလားဆရာ။ တခါတလေ ခါးနားကနာပါတယ်။ ဘာဆေးသောက်ရမလဲဆရာ။

Premarin ဟာ အီစထိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ စာဆေးပြားနဲ့ မွေးလမ်ည််ထည့် ခရင်မ် ရှိတယ်။ အသက်အရွယ်အရ သွေးဆုံးသူတွေနဲ့ အကြောင်းတခုခုကြောင့် သွေးဆုံးသူတွေကိုပေးတယ်။ အဲလိုအမျိုးသမီးတွေမှာ မျက်နှာနီမြန်းတာနဲ့ ဗဂျိုင်းနားခြောက်တာတွေကိုသက်သာစေမယ်။ အရိုးအားနည်းတာလည်း သက်သာစေမယ်။ ယောက်ျား ဆီးကျိတ်ကင်ဆာနဲ့ မိန်းမရင်သားကင်ဆာအတွက်လည်း သုံးနိုင်တယ်။

သတိထားစရာတွေတော့ရှိတယ်။ သားအိမ်ကင်ဆာနဲ့ နှလုံးရောဂါ။ သွေးကြောကျဉ်းရောဂါရှိသူ၊ သွေးခဲတတ်သူ။ ကိုယ်ဝန်ရှိနေသူ၊ ကလေးနို့တိုက်နေသူ၊ ရင်သားကင်ဆာရှိနေသူတွေ မသင့်ပါ။

ဘေးထွက်သက်ရောက်မှုတွေ 

ဗဂျိုင်းနာကသွေး နည်းနည်းဆင်း၊ လိင်စိတ်ပြောင်း၊ သကြားဓါတ်ပြောင်း၊ ပိန်၊ ဆံပင်ကျွတ်၊ ပျို့အန်၊ ဝက်ခြံထွက်၊ ခေါင်းကိုက်၊ မိုင်ဂရင်းဖြစ်၊ သွေးဖိအားတက်။

ဆေးပေးနည်း

Premarin ဆေးတပြားမှာ 0.3 mg, 0.45 mg, 0.625 mg, 0.9 mg, 1.25 mg ပါတယ်။ သွေးဆုံးလက္ခဏာတွေအတွက် 0.3 mg နေ့စဉ်သောက်ရတယ်။ လိုသေးရင်တိုးပေးမယ်။ တလမှာ ၂၅ ရက်သောက်ပြီး ၅ ရက်နား ဆေးပေးနည်းလည်း ရှိတယ်။ သားအိမ်ရှိသေးသူကို ရာသီလကြားရက်မှာ ၁၀-၁၄ ရက်ပေးနည်းလည်းလုပ်တယ်။ အီစထိုဂျင် နည်းလွန်းနေသူကို ၂၁ ရက်သောက် ၇ ရက်နားလည်းပေးတယ်။

ဒေါက်တာတင့်ဆွေ

၂၁-၈-၂၀၁၆

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ