Urine ဆီးထဲမှာ ဘာတွေပါသလဲ

(ကန်တော့)

ကွန်မင့်တခုရလို့ ရေးပါတယ်။ ရေးတဲ့သူက ဘီတာမင် ဘီနဲ့ စီက ရေမှာပျော်ဝင်လို့ ဆီးထဲပါတဲ့အတွက် ရောဂါတွေရတဲ့သဘော ရေးပါမယ်။ သူ့ကွန်မင့်ကို ပြန်ရှာနေတာ မတွေ့သေးပါ။

ဘီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေတို့ဟာ အဆီမှာပျော်ဝင်တယ်။ ဘီနဲ့ စီက ရေမှာပျော်ဝင်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ရေမှာပျော်ဝင်လို့ ဆီးထဲပါတာ မဟုတ်ပါ။ အဲတာကြောင့် ဘီနဲ့ စီ နည်းရတာလည်း မဟုတ်ပါ။

စကာဗီ ခေါ် ဘီတာမင်စီနည်းလွန်းတဲ့ရောဂါဆိုတာ လတ်ဆတ်တဲ့ အသီးအရွက်တွေကို ကြာကြာမစားသုံးရလို့သာ ဖြစ်တယ်။ ဟိုအရင် ပယ်လယ်ကူးသင်္ဘောတွေနဲ့ ခရီးသွားရသူတွေမှာ စကာဗီရောဂါဖြစ်တယ်။ 

အခုခေတ်မှာ ဘယ်အရပ်ကိုမှမသွားဘဲ လတ်ဆတ်တဲ့ အသီးအရွက်တွေ မစားသုံးရင် ဘီတာမင်ဘီ နဲ့ စီ နည်းနိုင်တယ်။

လူတွေရဲ့ ဆီးလမ်းကြောင်းစနစ်ဟာ ကျောက်ကပ်ကနေစတယ်။ ကျောင်းကပ်ကနေ ဆီးအိမ်ထဲကို ဆီးဆင်းပြွန်နဲ့ သွားတယ်။ ပြီးမှ ဆီးစွန့်ပြွန်ကနေ ဆီးထွက်တယ်။

ကျောက်ကပ်ပုံမှန်အလုပ်လုပ်နေရင် ခန္ဓာကိုယ်အတွက် မလိုတာတွေကိုသာ စစ်ထုတ်ပေးတယ်။

ပုံမှန်ဆီးထဲမှာ ရေဓာတ်နဲ့ ယူရီယာဓါတ်တွေ ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ခရယတနင်း၊ စတဲ့ ဓါတ်ဆားတွေလည်းပါတယ်။ 

Urea ယူရီယာဆိုတာ အမိုးနီးယား။ စားသုံးထားတဲ့ အသားငါးနဲ့ အသီးအရွက်တွေထဲက ပရိုတင်းဓာတ် ဖြစ်တယ်။

Urea 9.3 g/L.

Chloride 1.87 g/L.

Sodium 1.17 g/L.

Potassium 0.750 g/L.

Creatinine 0.670 g/L .

ပရိုတင်းအပြင် ဟော်မုန်းစတဲ့ တခြားဟာတွေလည်း ပါသေးတယ်။ ဆီးထဲမှာ ပါသင့်တာပါတာ ကောင်းတယ်။ မပါသင့်တာပါနေရင် ရောဂါ။

ဘီတာမင်အားလုံးအကြောင်းလည်း ဘလော့ဂ်မှာ တင်ထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ