Medicare negotiation lowers drug prices ကျဆင်းလာမည့် ဆေးဈေးနှုန်းများ

(ယနေ့ထွက်သတင်း။ ယူအက်စ်အေမှာ ၂၀၂၆ ခုနှစ်က စတင်ပါမည်။ တခြားတိုင်းပြည်တွေကိုလည်း အကျိုးရှိစေပါမည်။)
1. Diabetes ဆီးချိုဆေး
Januvia ဆီးချိုဆေး $113 (£103), down 79%
2. Diabetes ဆီးချိုဆေး
Fiasp, Fiasp FlexTouch, Fiasp PenFill, NovoLog, NovoLog FlexPen, NovoLog PenFill $119, down 76%
3. Diabetes ဆီးချိုဆေး
Farxiga $178.50, down 68 %
4. Rheumatoid arthritis, psoriasis and psoriatic arthritis အဆစ်နာအမျိုးမျိုးအတွက်ဆေး
Enbrel $2,355, down 67%
5. နှလုံးနိုင်အောင်မလုပ်နိုင်တော့ခြင်းအတွက်ဆေး
Entresto $628, down 53%
6. သွေးကင်ဆာဆေး
Imbruvica $9,319, down 38%
7. ဆီးချိုဆေး၊ နှလုံးနိုင်အောင်မလုပ်နိုင်တော့ခြင်းအတွက်ဆေး၊ နာတာရှည်ကျောက်ကပ်ရေးဂါအတွက်ဆေး
Jardiance $197, down 66%
8. ဆိုရီယေးဆစ်ရောဂါ၊ ဆိုရီယေးဆစ်အဆစ်နာရောဂါ၊ ခရုမ်းရောဂါ၊ အူမကြီးအနာရောဂါအတွက်ဆေး
Stelara $4,695, down 66%
9. သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် အဖျားအနာသွေးကြောထဲသွေးခဲခြင်းရောဂါများအတွက်ဆေး
Xarelto $197, down 62%
10. သွေးခဲခြင်းကာကွယ် ကုသဆေး
Eliquis $23, down 56%
US strikes deal to cut cost of 10 drugs for Medicare users
ဆေးဈေးနှုန်းချရန် သဘောတူညီချက်ရရှိ
ယူအက်စ်အေမှာ ဖြစ်ပါတယ်။ သတင်းက အခုနာရီပိုင်းအတွင်းမှာ ထွက်တယ်။
ဆရာဝန်လက်မှတ်နဲ့သာ ရောင်းချခွင့်ရှိတဲ့ ဆေး ၁၀ မျိုးဈေးနှုန်းကို ဆေးကုမ္ပဏီကြီးတွေက လက်ရှိဈေးထက်ချရောင်းရေး အမေရိကန်သမတရဲ့ ကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။
အကျိုးခံစားခွင့်ဟာ အသက် ၆၅ နှစ်အထက် အမေရိကန်တွေအတွက်ဖြစ်တယ်။ ၆၅ နှစ်အောက် အကျုံးဝင်သူတွေလည်း ရှိတယ်။
ဆေးတွေဈေးနှုန်း 38% ကနေ 79% အထိ ကျိဆင်းမယ်။ ၂၀၂၆ ခုနှစ်မှာစဆင်အကျိုးသက်ရောက်မယ်။
Medicare ခေါ် ကျန်းမာရေးအာမခံရှိသူ ၉ သန်းတို့ အကျိုးခံစားခွင့်ရမယ်။
ဆေးတွေက ဆီးချိုနဲ့ အဆစ်နာရောဂါတွေအတွက်ဖြစ်တယ်။ နှလုံးအလုပ်နိုင်အောင်မလုပ်နိုင်တော့ခြင်း၊ သွေးခဲခြင်း၊ ခရုမ်း ရောဂါ စတာတွေလည်း ပါဝင်တယ်။
ယူအက်စ်အေမှာ သမတရွေးကောက်ပွဲ ကျင်းပမဲ့ရက် ကပ်နေပြီ။ ပါတီနှစ်ခု အပြိုင်မဲဆွယ်နေကြတယ်။
လက်ရှိသမတပါတီ ဒီမိုကရက်က လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးအခွင့်အရေး စတာတွေကို အစဉ်တစိုက် ဦးစားပေးတယ်။ ရှေးရိုးစွဲ ရီပတ်ဘလီကန်ပါတီက ချမ်းသာသူတွေကို အခွန်လျှော့ကောက်မယ်။
ကင်ဆာကြောင့်သေဆုံးရနှုန်း လာမဲ့ ၂၅ နှစ်မှာ ၅၀% လျှော့ချရေးလည်း ဒီမိုကရက်တစ်သမတက လုပ်နေတယ်။
ဘယ်ပါတီက သမတဖြစ်မလဲ မပြောနိုင်။ အမေရိန်ကန်နိုင်ငံရေးက တမျိုး။
ချမ်းသာတဲ့သူကို မဲပေးရင် သူတို့လည်း ချမ်းသာမယ်သူတွေက မနည်း။ ရွှေဗမာတွေလည်း ပါတယ်။
ကျွန်တော်ကတော့ ကျန်းမာရေးထက်အရေးကြီး မရှိလို့ ယူဆတယ်။ မကျန်းမာရင် ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး လုပ်ချင်သမျှ လုပ်မရနိုင်ပါ။ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ