Worried စိုးရိမ်ရလားသာ မေးတာတိုင်းကို မဖြေပါ

ဆရာ ကျွန်မအသက် ၄၄နှစ်ပါ ဘယ်ဘက်နှလုံးက အရင်ပိုင်း ၁လ ၃ခါ လောက်အောင့်တယ် အခုရက်ပိုင်း နေ့တိုင်းလို အောင့်နေတယ် မောတယ် ကျောပါအောင့်လာတယ် လေးဘက်နာလဲရှိတယ် စိုးရိမ်ရလားဆရာ ကျေးဇူးပြုပြီးတော့ ဖြေပေးပါဆရာရယ်

ဆီးချို မသိ။ ကိုလက်စထော ခေါ် အဆီဓါတ် မသိ။

၁။ စိုးရိမ်ရလားသာ မေးတာတိုင်းကို မဖြေပါ။ ဆောရီး။ 

၂။ ဘယ်လိုကုသ ကာကွယ်ရမလဲကို မေးနည်းအတိုင်း မေးရင် ဖြေနိုင်တာ ဖြေတယ်။ 

စိုးရိမ်စိတ်ဆိုတာ တယောက်နဲ့ တယောက်မတူ။ သွေးတိုး မသိ။ 

မိဘနှစ်ပါးရဲ့ ကလေးနေမကောင်းတာ အမေစိုးရိမ်တာနဲ့ အဖေစိုးရမ်တာ မတူ။ 

တချို့က သာမန်ဖြစ်တာကို သဲတတ်ကြပြီး တချို့က ကင်ဆာကို ဖေ့စ်ဘွတ်နည်းသာအားကိုးတယ်။

၃။ ဆေးခန်း ဆရာဝန်ပြရမလားသာမေးတာတိုင်းကိုလည်း မဖြေပါ။ ဆောရီး။

ဆေးစာဘာသာပြန်သက်သက် မေးတာတိုင်းကိုလည်း မဖြေပါ။ ဆောရီး။

၄။ သူများတင်ထားတဲ့ သတင်းပို့ပေး မေးတာတိုင်းလည်း မဖြေပါ။ ဆောရီး။

၅။ ဆေဆးပြားတွေပုံသာ ပြမေးတာတိုင်းလည်း မဖြေပါ။ ဆောရီး။

မေးခွန်းရေးတာ သတ်ပုံမမှန်လည်း အခြေခံအချက်အလက်တွေနဲ့ရေးတာကို နားလည်းရင် ဖြေပါတယ်။

ဒေါက်တာတင့်ဆွေ

၁၁-၈-၂၀၁၉

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ