ကုသိုလ်ရ၍ ကျန်းမာကြပါစေ

အမျိုးသမီးတွေ သီလရှင်ဝတ်တဲ့အခါ ရနိုင်သော အကျိုးကျေးဇူးများဗီဒီယိုဖိုင်တခု တွေ့တယ်။ မေးခွန်းတခုဖြေအပြီးမှာ တွေ့တာ။

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျွန်မက ၅တန်းပဲ ရှိပါသေးတယ် သီလရှင်ဝတ်ပြီး သီလရှင်လေးတွေနဲ့ ခေါင်းတုံးတဲ့ ဘရိတ်ဓားကော ချုပ်ကော တူတူသုံးမိမယ်ထင်တယ် ချုပ်ကတော့ တူတယ် ဓားကတော့ တုံးပေးတဲ့ သီလရှင်က ဘယ်လိုတုံးပေးလဲတော့မသိ နှစ်ယောက်လုံးက သွေးထွက်နေကြပါတယ် အာ့တုန်းကတော့ တော်ငယ်နေသေးလို့ အမှတ်တမဲ့ပါပဲ အခုမှ ခေါင်း ဂုတ်နဲ့ လက်မှာ ဖုလေးတွေ ထွက်နေလို့ပါ  Hiv ရောဂါလက္ခဏာ က ၁၀နှစ်ကြာမှ ပြတယ်ဆိုလို့ ကြောက်နေတာပါ ၁၀နှစ်အတွင်းတော့ အကောင်းကြီးပါပဲဆရာ အသည်းပြည်တည်တာလေးတခုပဲ ကြီးကြီးမားမားဖြစ်ဖူးတာပါ

HIV မစစ်ရင် ကူးစက်မှု ရှိ မရှိ မသိနိုင်။

HIV ပိုးဟာ သွေး၊ လိင်ဆက်ဆံနည်းတွေကနေ ကူးစက်နိုင်တယ်။ ကိုယ်ဝန်မှာ မိခင်ကနေ ကလေးနဲ့ နို့ရည်တွေကနေလည်း ကူးစက်နိုင်တယ်။

နမ်းခြင်း၊ ဖက်ခြင်း၊ ထိကိုင်ခြင်းတွေကနေ မကူးပါ။ အစာအတူးစားတာကနေလည်း မကူးပါ။ ရေချိုးကန် ရေအိမ်သာကနေလည်း မကူးပါ။

သန့်ရှင်းရေးသုံး ဘလိတ်ဒါး၊ သွားတိုက်တံတွေကနေတော့ ကူးစက်နိုင်တယ်။ ချွေးနဲ့ မျက်ရည်ကနေလည်း မကူးပါ။ ခြင်ကိုက်လို့လည်း မကူးပါ။ ခေတ်မီသွေးသွင်းနည်းကနေလည်း မကူးစက်နိုင်ပါ။

ခေါင်းရိတ်စရာကနေ ကူးနိုင်တယ်လို့ ဆိုပေမယ့် ကိုရင်၊ ဘုန်းကြီး၊ သီလရှင်တွေမှာ ရောဂါပိုပြီး ကူးစက်တယ်လို့ မတွေ့သေးပါ။

ကုသိုလ်ရ၍ နေကောင်းကြပါစေ။

သီလရှင်များ Nuns | Flickr

ဒေါက်တာတင့်ဆွေ

၂၃-၉-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ