အဆီကျိတ်နဲ့ ဆီးကျိတ်

ဆရာခင်ဗျာ ဆီကြိတ်ရောင်ရောဂါအကြောင်းနဲ့ ကုသရန်ဆေးဝါးများအကြောင်း သိခွင့်ရလျှင်သိချင်ပါတယ်ခင်ဗျာ

စာလုံးပေါင်း အလွန်အရေးကြီးတယ်။ ကြိတ် နဲ့ ကျိတ် မတူပါ။ အကြိတ် နဲ့ အကျိတ် မတူပါ။ အ မပါတာနဲ့ ပါတာ မတူပါ။ အဆီကျိတ်နဲ့ ဆီးကျိတ် မတူပါ။

ကြိတ် 

ကြိတ်ကြိတ်ခဲခဲ (အားစိုက်ခွန်စိုက်)

ကြိတ်ကြိတ်တိုး စည်ကား

ကြိတ်ခဲ (အားစိုက်)

ကြိတ်ဆုံ

ကြိတ်နယ် 

ကြိတ်နှုန်း

ကြိတ်မနိုင် ခဲမရ

ကြိတ်မှန်ပင်

ကြိတ်မှိတ်ခံ 

စပါးကြိတ် 

ထိုးကြိတ် 

ဝါကြိတ်

ဝါကြိတ်လိမ်ပင်

သွားကြိတ် 

အံကြိတ် 

အကြိတ်အနယ်

ကျိတ် 

ကျိတ်ကျိတ်ခဲခဲ (ခက်ခက်ခဲခဲ)

ကျိတ်ကျိတ်မြည် 

ကျိတ်ကြံကျိတ်လုပ် 

ကျိတ်ဓား

ကျိတ်ပင်

ကျိတ်ပုတီး

ကျိတ်လမန်းပင်

ကျိတ်လိတ်သေချာ

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကြီးရောဂါ

တကျိတ်တည်း တကြံတည်း

တကျိတ်တည်း တဉာဏ်တည်း

အကျိတ်အခဲ

အကျိတ်အဖု

အဖုအကျိတ်

BPH ဆီးကျိတ်ကြီးခြင်း https://dr-tint-swe.blogspot.com/2021/01/bph.html

Cysts and Lipoma ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ် https://dr-tint-swe.blogspot.com/2021/01/cysts-and-lipoma.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ