ထိခိုက်ဒဏ်ရာရရင်

မင်္ဂလာပါဆရာရှင့် ကျွန်မအသက်က ၄၀ပါ အိမ်ထောင်ရှိပါတယ် သားတယောက်လည်းရှိပါတယ် ကလေးကျောင်းသွားကြိုရင်းနဲ့ ဆိုင်ကယ်မှောက်တာ လက်ထိသွားပါတယ် ဓာတ်မှန်ရိုက်တာ မကျိုးဘူးလို့တော့ ပြောပါတယ် အရွတ်တွေနာသွားတယ်လို့တော့ပြောပါတယ် လက်ကကွေးလို့လဲမရ ဆန့်လို့လဲမရတာ ရက်နှစ်ဆယ်လောက်ရှိပါပြီ အဲလိုပါဘဲလားဆရာ ကြာတက်(ကြာတတ်)ပါလားဆရာ ဘာဆက်လုပ်သင့်ပါလည်းဆရာ

ထိခိုက်ဒဏ်ရာရရင် အရိုးလည်းမကျိုးရင် အလိုလိုပြန်ကောင်းပါမယ်။

နာမယ်။ ရောင်မယ်။ ပုံမှန်အလုပ် လုပ်မရသေးဘဲနေဦးမယ်။ ပျောက်ကင်းပြီး အရင်လိုပြန်ဖြစ်ဖို့ အချိန်ယူမယ်။ နားနေရဦးမယ်။ ဒဏ်ရာ အနည်းအများအရ အချိန်ယူပါမယ်။

နာတာရောင်တာအတွက် Ibuprofen/Paracetamol တခုခုသောက်နိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၁-၂-၃ ကြိမ်။

အနာသက်သာဆေးတခုခု လိမ်းနိုင်တယ်။ အမျိုးအမျိုးရှိတယ်။

တယောက်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ