Children and Cough ကလေး ချောင်းဆိုးခြင်း

၁။ ဆရာ ကျွန်မသမီး အသက် ၅နှစ်ပါ ချောင်းမကြာခဏ ဆိုးပါတယ် ပျောက်သွားလိုက် ပြန်ဖြစ်လိုက်ပါ သူ့ဖခင်က ဆေးလိပ်သောက်ပါတယ် အခန်းက ၁၀ပေပတ်လည်အခန်းပါ အိပ်ချိန်မှာ ပန်ကာလည်း ဖွင့်ထားပါတယ် သူ့ဖခင်က အခန်းထဲမှာလည်း ရံဖန်ရံခါ ဆေးလိပ်သောက်လေ့ရှိပါတယ် ဘာကြောင့်မကြာခဏချောင်းဆိုးလဲ သိချင်လို့ပါဆရာ။

၂။ မင်္ဂလာဘာ(ပါ) ဆရာ ကျနော့်နာမည် ဆလိုင်း ( - ) ဘာ(ပါ) ယခုလက်ရှိ အိန္ဒိယနိုင်ငံ မီယိုရမ်(မီဇိုရမ်) ပြည်နယ်မှာ ခိုလုံနေပါတယ်၊ ဆရာ့ကို ကျနော်တစ်ခု (တခု) မေးခြင်(မေးချင်) တာက ကျနော့်ခလေးက ခနခ(ခဏခဏ) နှာစီးချောင်းဆိုးဖြစ်နေတယ် နီးစပ်ရာဆေးခန်း Dr နဲ့လည်းပြဘီ(ပြပြီ) မသက်တာ(သက်သာ) ဘူး ဘာဆေးပေးရင်ကောင်းမလည်း၊ ပီး(ပြီး)တော့ ညညကြရင်(ကျရင်) ထထငိုနေတယ် ဒီဟာလည်းဘာဆေးတိုက်ရင်ကောင်းမလည်းနော် ခလေးအသက်က တစ်နှစ်နဲ့လေးလရှိနေဘီ(ပြီ) ခလေးကလန့်လည်းလန့်သတ်(တတ်)တယ်၊ အစားအသောက်တော့ကောင်းကောင်းစားသောက်ခဲ့ပါတယ် ကျေးဇူးဘာ(ပါ)

တိုင်းရင်းသားတွေ မြန်မာစာရေးတာ မမှန်တာ နားလည်နိုင်ပါတယ်။ ပြင်ပေးရတဲ့အတွက် ဆောရီး။

၃။ ဆရာရှင့် ကလေးအသက် ၁ နှစ်ပါ ချောင်းဆိုးရင်ကြပ်ပီး(ပြီး) ခုညနေကျတော့ အသက်ရှူသွင်း ပုံစံက နည်းနည်းဝေးသလို ဖြစ်ပြီး ရင်ခေါင်းလဲ ချိုင့်ဝင်ပါတယ် ည ၈ နာရီ ဆေးခန်းပြန်သွားတော့ ဆေးငွေ့ရှူခိုင်းပီး(ပြီး) ပြန်လွတ်လိုက်ပါတယ်ရှင့် အဲ့ဒါအခု ည ၁၀ နာရီရှိပီ(ပြီ)  ရင်ခေါင်းချိုင့်တာက ဖြစ်နေသေးပီး(ပြီ;)  အသက်ရှူတာကတော့ ညနေကလောက်မဆိုးတော့ဘူးရှင့် စိုးရိမ်ရပါသလားရှင့် စိတ်အရမ်းပူလို့ပါ

လူကြီးမှာဖြစ်ဖြစ် ကလေးတွေမှာဖြစ်ဖြစ် ချောင်းဆိုးခြင်းဟာ ရောဂါမဟုတ်။ ရောဂါလက္ခဏာတခုသာဖြစ်တယ်။ ချောင်းဆိုးစေတဲ့ အကြောင်းတခုခုရှိပါမယ်။

အများဆုံးဖြစ်စေတတ်တာတွေကတော့

၁။ Infection အအေးမိတာနဲ့ တုပ်ကွေးကနေ တာရှည်ချောင်းဆိုးစေနိုင်တယ်။ အအေးမိတာက အသံအက်အက်နဲ့ဆိုးပြီး တုပ်ကွေးကြောင့်က ချောင်းခြောက်ဆိုးတာများပြီး ပိုဆိုးတယ်။ အဲဒါတွေအားလုံးက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ။ ပဋိဇီဝဆေးတွေ မလိုအပ်ပါ။

၂။ Acid reflux ခေါ်အစာခြေအရည်အထက်ဆန့်လည်း ချောင်းဆိုးတယ်။ အန်ချင်မယ်။ ရင်ပူမယ်။ လေတက်မယ်။

၃။ Asthma ပန်းနာက တမျိုး။ ရင်ကြပ်တာ။ လေပြွန်လေးတေါ ယာယီကျဉ်းလာတာ။ အသက်ရှူသံ စီစီစီစီနဲ့ ကြားရမယ်။ မကျပ်ချိန်မှာ လူကောင်းလိုနေမယ်။ 

၄။ Allergies/sinusitis အလာဂျီကြောင့်လည်း ချောင်းဆိုးတယ်။ ဆိုးနပ်လို့ခေါ်တာကနေလည်း ဆိုးနိုင်တယ်။ လည်ချောင်းယားမယ်။ မျက်ရည်ကျမယ်။ နှာရည်ယိုမယ်။ လည်ချောင်းပါနာမယ်။ တချိုကမှာ အရေပြား အနီကွက်ထွက်တယ်။

၅။ Pneumonia နူမိုးနီးယားရောဂါ

၆။ Whooping cough ကြက်ညှာချောင်းက တမူထူးတယ်။ ရက်တရာချောင်းလို့လည်းခေါ်တယ်။ Pertussis လို့လည်းခေါ်တယ်။

1. Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html

2. Children and Cough ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/02/children-and-cough.html

3. Common Cold in Children ကလေးတွေ အအေးမိရင် https://dr-tint-swe.blogspot.com/.../common-cold-in...

4. Coughing and Children ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/03/coughing-and-children.html

5. Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://dr-tint-swe.blogspot.com/2021/05/fever-first-aid.html

6. Medicines for kids ကလေးသုံးဆေးများ https://dr-tint-swe.blogspot.com/2022/03/medicines-for-kids.html

7. Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ https://dr-tint-swe.blogspot.com/2021/10/pneumonia-in-children.html

8. Ventolin inhaler ပန်းနာရှူဆေး https://dr-tint-swe.blogspot.com/2021/01/ventolin-inhaler.html

9. Ventolin inhaler ပန်းနာရှူဆေး https://dr-tint-swe.blogspot.com/2021/01/ventolin-inhaler.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ