Fibrous papule of the face မျက်နှာငါးမျက်စိ

ဆရာ အရပ်အခေါ် ငါးမျက်စိဆိုတာ ဘာကြောင့် ဖြစ်ရတာလည်း၊ ဘယ်လိုကုသလို့ ရပါသလဲဆရာ။

အရပ်ခေါ်တွေက တခါတလေဂွကျတယ်။ ငါးမျက်စိဆိုတာ ခြေဖနောင့်တွေမှာဖြစ်တာကိုလည်း ခေါ်တယ်။ အဲတာက ဆေးစာနဲ့ Corns and calluses ဖြစ်တယ်။ စာတပုဒ်ရေးထားပါတယ်။ အခုမေးတာမျိုးက မျက်နှာ။ Fibrous papule ခေါ်တယ်။ ကင်ဆာမဟုတ်တဲ့ အသစ်ဖြစ်လာတဲ့၊ ဝက်ခြံနဲ့တူတဲ့ အကျိတ်-အလုံး-အသီးလေးတွေဖြစ်ပါတယ်။ ရောဂါဗဒေမှာ Angiofibroma အမျိုးအစားလို့သတ်မှတ်တယ်။

အဖြစ်မနည်းပါ။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ အရေပြားပေါ်မှာ ခပ်ခုံးခုံးလေး တောက်ပြောင်နေတယ်။ အသားပိုနဲ့ တူတယ်။ အရွယ်အစားလည်း ၁ ကနေ ၅ မီလီမီတာရှိတယ်။ ပါး၊ မေး၊ လည်ပင်း၊ နဖူးတွေမှာ အဖြစ်များတယ်။ ၃ ယောက်မှာ ၁ ယောက်က ထိခိုက်မိရာကနေဖြစ်တယ်လို့ ပြောကြတယ်။ အများစုမှာ အလိုလို ပေါက်လာတယ်။

လက်မှာဖြစ်တာမျိုးက မှန်ဘီလူးနဲ့စစ်ရင် မတူတာတွေ့တယ်။ giant cell fibroma ခေါ်တယ်။ အခုဟာမှာ spindled cells တွေတွေ့မယ်။

ကုသဘို့မလိုပါ။ အကြည့်ရဆိုးတာကလွဲရင် ဘာမှမဖြစ်ပါ။ ဆေးသောက်-ဆေးထိုး-ဆေးလိမ်းလို့ မပျောက်ပါ။ အလှအပတွက်ဆိုရင် ခွဲထုတ်ရမယ်။ အမာရွတ်လေးထင်ကျန်မှာတော့ သိထားပါ။ အသက် ရင့်ကျက်လာတာလို့သာ အောက်မေ့ပါ။

ဒေါက်တာတင့်ဆွေ

၃၀-၉-၂၀၁၅

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ