Follicular cyst ဖေါ်လီကူလာ ဆစ်

ဆရာရှင့် သမီးက အသက် ၂၇နှစ် အိမ်ထောင်မရှိပါ။ ဗိုက်အောင့် ခါးနာလို့ CT ရိုက်ကြည့်တော့ ညာဘက် သားဥအိမ််မှာ follicular cysts လေးတွေရှိတယ်ပြောပါတယ်ရှင့် အကြီးဆုံး ဆိုဒ်က 1 cm ပါရှင့်

Follicular cysts က ခွဲစရာလိုလားရှင့်။ ဗိုက်ညာဘက်ကလည်း အမြဲတမ်း အောင့်နေတာပါ။

မျိုးဥအိမ် အရည်အိတ်ဖြစ်တယ်။ အဖြစ်များတယ်။ တချို့ ဘယ်လိုမှ မခံစားရ။ တချို့ လအနည်းငယ်အကြာမှာ အလိုလိုပျောက်တယ်။ စာသီးသန့် ရေးထားတယ်။

တချို့ အရည်အိတ်ပေါက်ထွက်တယ်။ ခံစားရတာတွေရှိမယ်။ တင်ပါးဆုံတွင်းနေရာ နာမယ်။ နာလိုက် သက်သာလိုက်နေမယ်။ ရင်ပြည့်သလိုနေမယ်။ လေတက်မယ်။

Functional cysts ဖန်ရှင်နယ် ဆစ်

လစဉ်အပြောင်းအလဲတခု ဖြစ်တယ်။ ၂ မျိုးရှိတယ်။

၁။ Follicular cyst ဖေါ်လီကူလာ ဆစ်

မျိုးဥအိမ် အရည်အိတ်လို့ခေါ်တယ်။ ပဲစေ့လောက်သေးသေးလေးကနေ လိမ်မော်သီးလောက်ထိ ကြီးနိုင်တယ်။

အများအားဖြင့် ရောဂါရယ်လို့ မဟုတ်ပါ။

၂။ Corpus luteum cyst ကော့ပတ်စ် လူတီယမ် ဆစ်

အခြား ဆစ် များ

- Dermoid cyst ဒါးမွိုက် ဆစ်

- Teratoma လို့လည်း ခေါ်တယ်။ အထဲမှာ ကိုယ်မွေး၊ အရေပြား၊ သွားစတာမျိုးနဲ့ဆင်တူတာတွေ ပါနေမယ်။ အရပ်ထဲမှာ အပင်းလို့ မှားခေါ်ကြတယ်။ ရောဂါသာ ဖြစ်ပါတယ်။

ရှားရှားပါးပါး ကင်ဆာဖြစ်လာနိုင်တယ်။

- Cystadenoma ဆစ်စတဒီနိုးမား

မျိုးဥအိမ်အပေါ်ယံလွှာကနေ ဖြစ်တယ်။ အရွယ်အစား ကြီးနိုင်တယ်။

Endometrioma (Endometriosis) အင်ဒိုမီထရီယိုးဆစ်

စာသီးသန့် ရေးထားတယ်။

Treatment ကုသနည်းများ

အမျိုးအစားနဲ့ အရွယ်အစားအပေါ် မူတည်တယ်။

၁။ စောင့်ကြည့်ခြင်း

၂။ Medicine ဟော်မုန်းဆေး ပေးခြင်း။ Hormonal contraceptives ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးပေးနည်း။ အိမ်ထောင်မရှိလည်း ပေးနိုင်တယ်။ မျိုးဥ ထွက်နေစမယ်။ အရည်အိတ် သေးချင်မှသာ သေးသွားမယ်။

၃။ Surgery ခွဲစိတ်ကုသနည်း

- Cystectomy နည်း။

- Oophorectomy နည်း။

၄။ သွေးဆုံးပြီးမှဖြစ်တာက ကင်ဆာဖြစ်နိုင်တယ်။ ကင်ဆာကုသနည်းတွေ လုပ်ရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ