Food poisoning အစာဆိပ်သင့်ခြင်း

ဆရာခင်ဗျာ ခုတလော ရေဘေးဒုက္ခသည်တွေ ဖြစ်ပွားနေတဲ့ အစာအဆိပ်သင့် ဖြစ်ချင်း(ခြင်း)မှာ ဘဲဥနှင့် မန်ကျည်းသီးချဉ်ဟင်း စားလို့ဖြစ်တာက ဘဲဥနှင့်မန်ကျည်းသီး ဟင်းကြောင့်လား ဘယ်လိုကြောင့်လဲ သိချင်လို့ပါ ခင်ဗျာ ဗဟုသုတ ရစေခြင်းငှာ ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ

အစာဆိပ်သင့်တာ်လို့ အရပ်ပြောတွေက မမှန်တာများတယ်။ ဘာနဲ့ဘာ တွဲစားမိလို့ဖြစ်တာ အလွန်ရှားတယ်။ စားတာသောက်တာထဲမှာ အဆိပ်သင့်စေနိုင်တဲ့ပိုးပါလို့ဖြစ်ရတယ်။ ချက်ပြုတ်မထားတဲ့ အစိမ်းသက်သက် စားရင် ပိုဖြစ်တယ်။ အဆင်သင့်စားနိုင်တဲ့ အစားအစာကလည်းဖြစ်တယ်။ နိုရိုဗိုင်းရပ်စ်၊ အီး ကိုလိုင် ဗက်တီးရီးယားနဲ့ ဆယ်လ်မိုနဲ့လား ဗက်တီးရီးယားတွေကနေ ဖြစ်တာများတယ်။ ကလောစထွိုင်ဒီယမ် ဘော်တူလီနမ်ကနေဖြစ်ရင် ပိုဆိုးတယ်။ အဖြစ်တော့မများပါ။

အစာဆိပ်သင့်ရောဂါလက္ခဏာတွေကို မသင့်တဲ့အစာစားပြီး နာရီပိုင်းအတွင်းမှာခံစားရမယ်။ ရက်ပိုင်းကြာတတ်တယ်။ ပျို့အန်မယ်။ ဝမ်းအရေတွေသွားမယ်။ ဗိုက်နာမယ်။ ကိုယ်ပူမယ်။

Campylobacter ၂-၅ ရက်နေရင်ဖြစ်တယ်။ အသားတွေကနေဖြစ်တယ်။

Clostridium botulinum ၁၂ နာရီကနေ ၇၂ နာရီမှာဖြစ်တယ်။ စည်သွပ်ဗူး၊ ငါး၊ ရက်ကြာသိုလှောင်ထားတဲ့ အစာတွေကနေဖြစ်တယ်။

Clostridium perfringens ၈-၁၆ နာရီမှာဖြစ်တယ်။ အသားဟင်းတွေကနေဖြစ်တယ်။

E. coli ၁-၈ ရက်မှာဖြစ်တယ်။ အမဲသား၊ နို့၊ အသီးအရ်ွ့နဲ့ ရေကနေဖြစ်တယ်။

Giardia lamblia ၁-၂ ပတ်မှာဖြစ်တယ်။ ရေနဲ့ အစိမ်းစားတာတွေကနေဖြစ်တယ်။

Hepatitis A အသည်းရောင် (အေ) ၂၈ ရက်မှာဖြစ်တယ်။ ရေနဲ့ အဆင်သင့်စားနိုင်တဲ့အစာတွေကနေဖြစ်တယ်။ ပိုးရှိသူကိုင်တယ်ပြင်ဆင်တဲ့အစားကိုစားမိရင်ဖြစ်တယ်။

Listeria ၉-၄၈ နာရီမှာဖြစ်တယ်။ ဟောဒေါ့၊ အသား၊ နို့၊ ဒိတ်ခဲ၊ အစိမ်းစာတာတွေကနေဖြစ်တယ်။ ရေနဲ့ မြေဆီကတဆင့် ကူးစက်တယ်။

Noroviruses ၁၂-၄၈ နာရီမှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ရေနဲ့ ပိုးပါနေသူ ကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။

Rotavirus ၁-၃ ရက်မှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ရေနဲ့ ပိုးပါနေသူကိုင်တွယ် ပြင်ဆင်တာစားလို့ကူးစက်တယ်။

Salmonella ၁-၃ ရက်မှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တဲ့အသား၊ နို့၊ ဥတွေကနေဖြစ်တယ်။ မီးဖိုအသုံးအဆောင်တွေ၊ ပိုးပါနေသူကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။

Shigella ၂၄-၄၈ နာရီမှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ပိုးပါနေသူကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။

Staphylococcus aureus ၁-၆ နာရီမှာဖြစ်တယ်။ ဆလဒ်၊ ခရင်မ်တွေကနေဖြစ်တယ်။ ချောင်းဆိုးတာ နှာချေတာကနေလည်းကူးတယ်။

Vibrio vulnificus ၁-၇ ရက်မှာဖြစ်တယ်။ အစိမ်းစာ ပင်လယ်စာတွေကနေဖြစ်တယ်။

သတိထားစရာကတော့ ရေနဲ့ဓါတ်ဆားခမ်းခြောက်ခြင်းဖြစ်တယ်။ စိုးရိမ်ရတယ်။ သွေးကြောထဲကနေ ဖြည့်ပေးရမယ်။ ပဋိဇီဝဆေးပေးရတယ်။ Loperamide (Imodium) နဲ့ Bismuth subsalicylate ဝမ်းပိတ်ဆေးပေးရတယ်။ အနားယူရတယ်။

အစာဆိပ်သင့်တာမဖြစ်အောင် 

- လက်ကိုမကြာခဏဆေးပါ။ 

- အစားအစာကို ရွေးစားပါ။ 

- မီးဖိုသန့်ရှင်းပါစေ။ 

- အစားအစာ ထားသိုတာ စနစ်ကျပါ။ 

- စားသောက်ဆိုင်ရွေးပါ။ 

- အမဲသားဆိုရင် 160 F (71.1 C) အထိချက်ပြုတ်ပါ။ 

- ဝက်သားနဲ့ ဆိတ်သားကို 145 F (62.8 C) အထိချက်ပြုတ်ပါ။ 

- ကြက်သားနဲ့ ကြက်ဆင်ကို 165 F (73.9 C) အထိချက်ပြုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ