HIV ကို ကုသပေးတဲ့နေရာတွေ အများကြီးရှိပါမယ်

နေမကောင်းခဏခဏဖြစ်ပြီး တကိုယ်လုံးအနာတွေထွက်လာလို့ hiv ပိုးတွေ့လို့ ဘယ်မှာဆေးခန်းပြပြီးကုရမလဲမသိလို့ပါ သျှင်ပါဂူမှာအထွေထွေသွားပြတာ မဆိုင်ဘူးဆိုပြီး ပြမရသေးလို့ပါဆရာ ဖြစ်နိုင်ရင် ပြသရမဲ့နေရာနဲ့ ဆရာဝန်ကြီးများကို ညွှန်ပြပေးစေလိုပါတယ် စီးပွားရေးကလဲသိပ်အဆင်မပြေလို့ပါ ကျွန်မကိုအကူအညီတောင်းလို့ မေးကြည့်ရတာပါဆရာ

HIV ကို ကုသပေးတဲ့နေရာတွေ အများကြီးရှိပါမယ်။ အင်ဂျီအိုတွေလည်းရှိတယ်။ ဥပမာ World Vision နိုင်ငံတကာ အင်ဂျီအို။

ဟုတ်ကဲ့ သူတို့ကသိပ်အပြင်ဗဟုသုတမရှိကြဘူးဆရာ နေရာလေးပါသိရရင်ပိုအဆင်ပြေမှာ  ဘယ်ဆေးရုံ ဘယ်ဆေးခန်း လို့ပြောရင် ကျွန်မဆိုစုံစမ်းပေးလို့ရပါတယ်

ဆေးခန်း ဆရာဝန် ဆေးရုံ ဆေးဆိုင် ဆေးဈေး မသိပါကြောင်း ခဏခဏ တင်ထားတယ်။

အရင်ကတော့ HIV ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေ တင်ထားတယ်။ အခုအပြောင်းအလဲတွေရှိလို့ အသစ်တွေကို မသိ။ အဟောင်းတွေဆက်လုပ် မလုပ် မသိတော့ပါ။

ဒေါက်တာတင့်ဆွေ

၂၀-၉-၂၀၁၉

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ