Louis-Dreyfus အမေရိကန် ဟာသမင်းသမီး

၁၉၆၁ ခုနှစ်က နယူးယော့မှာ မွေးတယ်။ သူ့အဖေက ပြင်သစ်မှာမွေးတယ်။ မင်းသမီးက အနုပညာဆုတွေ ရတယ်။ 

မနေ့က တီဗွီအစီအစဉ်တခုက အမေရိကန်သမတရွေးကောက်ပွဲ သတင်းတခုမှာ သူ့ကို အင်တာဗျူး လုပ်ပါတယ်။ ဟာသမင်းသမီးက ကမလာဟဲရစ်ကို ထောက်ခံတယ်။

တင်ပြလိုတာက သူသမတလောင်းရွေးချယ်တာကို မဟုတ်ပါ။

သူ ဘာ့ကြောင့်ရွေးသလဲမေးခွန်းရဲ့ အဖြေက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။

သူ့မှာ ၂၀၁၈ ခုနှစ်ကတည်းက ရင်သားကင်ဆာ ကုသထားရတယ်။ ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်ပြီးနောက် ခီမို ၆ ကြိမ်သွင်းထားတယ်။ 

အခု သူဟာ စိတ်ပေါ့ပါးပြီး လွတ်လပ်မှု ရှိပါသတဲ့။ ကင်ဆာကြောင့်တော့ သူမသေတော့ဘူးလို့လည်း ဆိုပါတယ်။

သမတလောင်းနှစ်ယောက်ထဲက ကျန်းမာရေးအတွက် ဦးစားပေးသူကို ရွေးချယ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်နယ်ထရမ့်က ကျန်းမာရေးအာမခံ၊ လူမှုဖူလုံရေးအထောက်အပံ့တွေကို ဖြတ်မဲ့သူ။ သမတဂျိုးဘိုင်ဒင်က ကင်ဆာကြောင့် သေဆုံးရနှုန်းကို နောက် ၂၅ နှစ်မှာ ၅၀% ကျစေရေး ဒေါ်လာ ၂ ဘီလီယန်ရင်းနှီးထားတယ်။

နိုင်ငံရေးကို ဘက်ရွေးရာမှာ ကိုယ့်အမြင်၊ ကိုယ့်ဘဝနဲ့ ကိုယ့်လိုအပ်ချက်တွေကို ကြည့်သင့်ပါတယ်။ အများစုအကျိုးကိုလည်း ကြည့်ရမယ်။

လူတိုင်းမှာ ကျန်းမာရေးထက် အရေးကြီးတာ မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ