Precocious puberty အပျိုဖြစ်စောခြင်း

(ကန်တော့) 

မြန်မာပြည်မှာတော့ မွေးစကလေးကို နို့ညှစ်ခိုင်းကြတယ်။ အဲဒီလိုမညှစ်ရင် အစောကြီး အပျိုဖော်ဝင်တယ်လို့ ပြောကြတယ်ဆရာ။

အဲတာ မှားတယ်။

အပျိုဖြစ်စောလွန်းခြင်းဆိုတာ Precocious puberty ဖြစ်တယ်။ ဘာလို့ အဲလို တခြားမိန်းကလေးငယ်တွေထက် စောသလဲ။ အတိအကျပြောရခက်တယ်။ 

ဖြစ်နိုင်တာတွေတော့ ရှိပါတယ်။

- Congenital adrenal hyperplasia (CAH) ခေါ် မွေးရာပါ အဒရီနယ်ဂလင်း ပွါများနေခြင်း၊

- McCune-Albright Syndrome ဆင်ဒရုမ်း၊

- Spina bifida with hydrocephalus မွေးရာပါ ခါးရိုးဆစ်မလုံခြင်းနဲ့ ဦးနှောက်ထဲမှာ အရည်များခြင်း။

- Obesity အဝလွန်ခြင်း၊ 

- Social factors ဆိုရှယ်အကြောင်းခံရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊

- Environmental contamination ပတ်ဝန်းကျင်ညစ်ညမ်းမှု၊

- Cancer treatment ကင်ဆာကုသမှုခံယူရခြင်း၊

သုတေသနလုပ်ထားတဲ့ အပျိုဖြစ်စောစေနိုင်တဲ့အချက်တွေထဲမှာ မွေးစမိန်းကလေး နို့ညှစ် မပေးခြင်း၊ ပေးခြင်း မပါဝင်ပါ။ အပျိုဖြစ်စောနေတာကို လိုအပ်ရင် Nafarelin နဲ့ leuprolide ဆေးပေးကုသနိုင်တယ်။ အထူးပြုသင်ကြားမှုတွေ လိုပါမယ်။

1. Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း http://doctortintswe.blogspot.com/2016/10/puberty-education-for-kids.html

2. Precocious puberty အပျိုဖြစ်စောခြင်း hhttp://doctortintswe.blogspot.com/2014/11/puberty.html

3. Puberty အရွယ်ရောက်ပြီ http://doctortintswe.blogspot.com/2014/11/puberty.html 

Dr. တင့်ဆွေ

၂၅-၉-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ