Respiratory rate ကလေးအသက်ရှူနှုန်း

မင်္ဂလာပါဆရာ ယောက်ျားလေး ၂ လသားပါ အသက်ရှူမြန်တယ်လို့ ထင်လို့ပါ ချောင်း တခါတလေ ဆိုးပါတယ် ထိုင်ပြီး နို့တိုက်ရင် သီးတတ်ပါတယ် နို့သောက်နိုင်ပါတယ် မမှိန်းပါဘူး ပြာလဲမပြာပါ ငိုရင် မျက်နှာတော့ရဲလာပါတယ် ချွေးထွက်ပါတယ် အမြဲတော့ မဟုတ်ဘူး ဆီးဝမ်းမှန်ပါတယ် အသက်ရှူမြန်ရတဲ့ အကြောင်းရင်းတွေ သိချင်ပါတယ် စိုးရိမ်ရလားဆရာ ဘယ်လိုအချက်တွေကို စောင့်ကြည့်သင့်ပါသလဲ

အသက်ရှူနှုန်းဟာ အသက်အရ မတူပါ။ လူကြီးတွေက တမိနစ်မှာ ၁၂ ကြိမ်ကနေ ၂၀ ကြိမ်ရှူတယ်။  

မွေးစကနေ ၁၂ လသားအထိ အကြိမ် ၃၀ ကနေ ၆၀။

အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အကြိမ် ၂၄ ကနေ ၄၀။

အသက် ၄ နှစ်ကနေ ၅ နှစ်အထိ အကြိမ် ၂၂ ကနေ ၃၄။

အသက် ၆ နှစ်ကနေ ၁၂ နှစ်အထိ အကြိမ် ၁၈ ကနေ ၃၀။

အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အထိ အကြိမ် ၁၂ ကနေ ၁၆။

ဒေါက်တာတင့်ဆွေ

၂၉-၉-၂၀၁၈

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ