Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ

၁။ ဟုတ်ကဲ့ဆရာ မျက်နှာနှာခေါင်းကြားမှာရော့ မျက်ခုံးမွှေးကြားမှာရော့ ဆားဝက်ခြံတအားများတယ် မျက်နှာဘယ်လို သစ်သစ်အသားတွေ့တာရဲလားတယ် မပျောက်ဘူးဆရာ ခေါင်ကလဲ့ဘောက်အမြဲထတယ် ဘယ်ခေါင်လျှော်ရည်သုံးသုံး ဘောက်ကမပျောက်ဘူးဆရာ

မေးနည်းစည်းကမ်း ပို့ထားပြီး။ အသက် မသိ။ ဘယ်လောက်ကြာ မသိ။ ဖြေမရ။

၂။ ဆရာ မင်္ဂလာပါ။ Keratosis Pilaris အကြောင်း ရေးဖူးရင် ပြန် share ပေးလို့ရမလား။ Peeling လုပ်ရင် ပျောက်လားရှင့်။ မူလတန်းလောက်ကတည်းက KP ရှိတာပါ။

မေးတဲ့သူ အသက်-ကျား-မ မသိပါ။ 

၃။ ဆရာ မင်္ဂလာပါရှင့် မေးခွန်းလေးကို ဖြေကြားပေးစေလိုပါတယ်ရှင့်။ ကျွန်မ အသက် ၂၅ အပျိုပါရှင့်။ မျက်စိနားမှာ ငါးမျက်စိလို့ခေါ်တဲ့ အဖုလေးတွေ ၃လုံးလောက် ပေါက်နေပါတယ် ဆရာဝန်နဲ့ပြတော့လည်း အဲ့ဒါတွေက လိမ်းဆေးမရှိဘူး လေဆာနဲ့ပစ်မှ ရမယ်လို့ ပြောပါတယ်ရှင့် ပြီးတော့ အဲ့ဒီအလုံးတွေက ပွားတတ်တယ်လို့ ပြောပါတယ်ရှင့်။ မျက်လုံးနားဆိုတော့ လေဆာပစ်ရင် ထိခိုက်မိမှာ စိုးလို့ပါရှင့်။ လိမ်းဆေးရှိရင်လည်း ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။ အလုံးတွေ ရှိတဲ့နေရာကို ပုံနဲ့ပြလိုက်ပါတယ်ရှင့်။

၄။ ကျွန်မအသက်က ၂၇ ပါဆရာ။ ကျန်းမာရေးလဲကောင်းပါတယ်ဆရာ။ အိမ်ထောင်လဲရှိပါတယ်။ ကျွန်မ အသက် ၁၅ နစ်လောက်ကစပြီး မျက်လုံးအောက်မာ ဝက်ခြံလိုအဖုသေးသေးလေးတွေပေါက်လာပါတယ်။ ဝက်ခြံလိုလဲညှစ်လို့ မရပါဘူးဆရာ။ အခုရက်ပိုင်းအတွင်းမှာ အဖုလေးတွေ ပိိုပိုများလာလို့ပါဆရာ။ ဘာဆေးသုံးရမလဲ ညွှန်ပြပေးပါအုန်းဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (အောက်မှာလို့ ရေးရတယ်။)

၅။ ဆရာ သမီးမျက်မှာ နှာခေါင်းဘေး မျက်လုံးအောက်မှာ ဗျုတ်ကလေးတွေ ရှိနေပါတယ်။ အဖုလေးတွေ အများကြီးပါ။ မနက်အိပ်ယာနိုးချိန်မှာ မသိသာပေမဲ့ နေ့လည်ကစပြီး အရမ်း သိသာပါတယ်။ အဲဒီ အဖုလေးတွေကို ကုလို့ရနိုင်ပါလား။ တချို့က အဲဒါကို ဆားဝက်ခြံလို့ပြောပြီး၊ တချို့က အဆီဖုလို့ပြောပါတယ်။ မျက်နှာအရေပြား ချောချင်ပါတယ်။ ကုလို့ရနိုင်ပါလားဆရာ။ ဖြေကြားပေးပါ။

၆။ ဆရာ ကျွန်တော့ မျက်နှာ ပါးနှစ်ဖက်မှာ ဝက်ခြံတွေထွက်နေတာကြာပါပြီ။ ဝက်ခြံဆိုပေမဲ့ ရိုးရိုးဝက်ခြံလိုမျိုး ရောင်တာ မှဲ့တာ နာတာမျိုးတော့မရှိပါဘူး။ ဆားဝက်ခြံလို့ပဲ ခေါ်မယ်ထင်တယ်။ မျက်နှာပေါ်မှာ စမ်းကြည့်ရင် အစေ့လေးတွေလိုမျိုးပဲ။ မှဲ့ပြီးတော့လဲ ရောင်မလာဘူး။ ဒီအတိုင်းပဲ။ ညှစ်လိုက်မှ အဖြူအစံလေးတွေ ထွက်လာပါတယ်။ မညှစ်ရင် ဒီအတိုင်းကြီးပဲ ကျန်နေပါတယ်။ မျက်နှာကလဲ ကိုင်လိုက်ရင် အခဲလိုမျိုးကြီးပဲ။ ကျွန်တော်မျက်နှာသစ်ရင် သေချာသစ်ပါတယ်။ လက်နဲ့လဲ မကိုင်ပါဘူး။ Cosmetic တွေသုံးပေမဲ့ အဆင်မပြေပါဘူး။ အဲ့ဒါဘယ်လို ပျောက်အောင်လုပ်ရမလဲ အကြံပေးပါဦးဆရာ။ ပြီးတော့ ဘာလို့ အလိုမျိုး ဖြစ်တာရယ် ရိုးရိုးဝက်ခြံနဲ့ ဘယ်လိုကွာလဲဆိုတာ ရှင်းပြစေလိုပါတယ်။

အရေပြားမှာ ဖြစ်တာတွေက အတော်ကို များလှတယ်။ မျက်မြင်မဟုတ်ဘဲ မှန်းရတာ သိပ်တော့ မကောင်းဘူး။ သေချာ ကြည့်တာတောင် ခွဲခြားရတာ ခက်သေးတယ်။ မေးတဲ့စာထဲကအတိုင်း ဝက်ခြံနဲ့ ဆင်တယ်ဆိုရင် အနီးစပ်ဆုံးက Seborrheic Keratosis ဒါမှမဟုတ် Keratosis pilaris acne-like bumps ဖြစ်နိုင်တယ်။ ပဌမဟာက မျက်နှာမှာ၊ နောက်ဟာက လက်ဖျံ၊ ပေါင်နဲ့ တင်ပါးမှာ ဖြစ်တယ်။

Seborrheic Keratosis ဆားဝက်ခြံ

အလုံး-အကြိတ်-အနာအဆာ တခုခုတွေ့ရင် ပဌမဆုံး ခွဲခြားရမှာက ကင်ဆာလား ကင်ဆာမဟုတ်တာလား။ Seborrheic Keratosis ဆားဝက်ခြံက ကင်ဆာမဟုတ်ပါ။ ဝက်ခြံနဲ့ ဆင်တယ်။ မျက်နှာမှာ အများဆုံးဖြစ်တယ်။ ဒီအဖုလေးတွေက တခုခု လာကပ်နေသလို ကြည့်တဲ့လူက လက်နဲ့ ဖယ်ထုတ်ချင်စရာ ကောင်းလှတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာ Epidermis ကနေ ဖြစ်လာတာပါ။ ကြွက်နို့လို အရေပြားအတွင်းထဲ မရောက်ဘူး။ နဲနဲကြမ်းတာနဲ့ မကြမ်းတာမျိုးရှိတယ်။ မကြမ်းရင် အစေ့လေးတွေ လာကပ်နေသလို ဘေးက အရေပြား အကောင်းထက် နဲနဲ အရောင်ရင့်နေမယ်။ မှန်ဘီလူးနဲ့ကြည့်ရင် ပုလဲလုံးလေးတွေလိုနေတယ်။ တခါတခါ ယားတယ်။ ကြာလာရင်ပေါ့။ ဆွရင်-ဆိတ်ရင် ရဲလာလိမ့်မယ်။ များသွားရင်တော့ သွေးထွက်မှာပေါ့။

အသက်အရွယ် လူလတ်ပိုင်းမှာများတယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တတ်တယ်။ တချို့ကိုယ်ဝန်ဆောင်မှ ဖြစ်လာတယ်။ တချို့ ဟော်မုန်းကုသမှုရနေဟဏ်မှာဖြစ်တယ်။ ဘာလို့လည်း မပြောနိုင်သေးပါ။ ဟော်မုန်းကနေဖြစ်ဘို့ များတယ်။ နေရောင်ထိတာကြောင့်လား စဉ်းစားတယ်။ မကူးစက်ပါ။

ဘာလုပ်ရမလဲ။ ဒီအတိုင်းသာထားပါ။ နဲနဲကြီးလာချင်လာမယ်။ မစိုးရိမ်ပါနဲ့။ လှချင်လို့ ရှင်းချင်ရင် Liquid Nitrogen ဆိုတဲ့အရည်နဲ့ အေးခဲအောင်လုပ်ပေးတယ်။ မီးလောင်ဖုလိုမျိုး အရည်ကြည်ဖုလေးတွေ ဖြစ်လာလိမ့်မယ်။ ပြီးမှ နဲနဲကြာမှ အနာကျက်လာမယ်။ အနာဖြစ်ရင် အနာရွတ်ကြီးတတ်သူများ မျက်နှာမှာဆို ဒါမျိုးမလုပ်သင့်ဘူး။ တချို့လူတွေမှာ ဘာအနာဖြစ်ဖြစ် Keloids အနာရွက်သီး ဖြစ်တတ်တယ်။

နောက်တနည်းက ရိတ်ပြစ်တာ။ Flexible razor blade သုံးသင့်တယ်။ လက်မလွန်စေနဲ့။ ရိတ်ပြီးရင် Aluminum chloride or Silver nitrate ဆေးလိမ်းပေးပါ။ သွေးမထွက်စေဘူး။ Silver nitrate ကညိုမဲမဲမို့ အစမှာ ညိုနေအုံးမယ်။ နောက်ပျောက်သွားမယ်။ Aluminum chloride ကပိုကောင်းတယ်ပေါ့။ Light electrocautery လျှပ်စစ်နဲ့ လောင်စေတဲ့နည်းလည်း သုံးပါတယ်။

Keratosis pilaris ဝက်ခြံတမျိုး

မျက်နှာမှာလည်း ဖြစ်ပါတယ်။ နီ-ဖြူ၊ မနာ-မယားဘူး။ ကြမ်းနေတယ်။ ကုရတာခက်လို့ စိတ်ပျက်စေနိုင်တယ်။ မဆိုးတာက ဘာမှ တခြားဒုက္ခမပေးနိုင်ဘူး။ ငယ်သူတွေမှာ ဖြစ်တာများပြီး အသက် ၃ဝ လောက်မှာ ပျောက်သွားတယ်။ မျက်နှာမှာ ဖြစ်လို့ ပျောက်ရင် အမာရွတ်ကျန်တတ်တယ်။ ဆိုလိုတာက သု့ဖါသာလည်း ပျောက်ပါတယ်။ ဆေးတမျိုးနဲ့ မရတတ်ဘူး။ ကိုယ့်ဖါသာ ဂရူစိုက်တာ လုပ်ရမယ်။

Topical exfoliants (alpha-hydroxy, lactic or salicylic acid or urea) ပါတဲ့လိမ်းဆေး၊ Topical corticosteroids စတီရွိုက် ပါတဲ့ လိမ်းဆေး၊ Topical retinoids (vitamin A) ပါတဲ့လိမ်းဆေး၊ Tretinoin (Retin-A Micro, Avita) and tazarotene (Tazorac) သုံးနိုင်တယ်။

အရေပြားကို မိမိဖါသာဂရုစိုက်ခြင်း

• အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ယုယပါ။

• မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အသာအယာ အခြောက်သွေ့ပေးပါ။

• ရေချိုးပြီးရင် ရေငွေ့ဓါတ်ပေးတဲ့လိမ်းဆေးသုံးပါ။

• လက်တစ်အက်စစ်ပါတဲ့လိမ်းဆေး၊ တနေ့ ၂ ကြိမ်လိမ်းပါ။

• အိမ်မှာ ရေငွေ့ဓါတ်ပေးတဲ့ ကရိယာတပ်ဆင်ပါ။

• အရေပြားကို Eucerin and Cetaphil လိုဆေးနဲ့ ရေငွေ့ပေးပါ။

• ရေချိုးရင် အချိန်များများပေးပါ၊ ရေနွေး (ရေပူမဟုတ်) နဲ့ချိုးပါ။

• ဆပ်ပြာကို အပြင်းစားတွေမသုံးပါနဲ့။ ဆီ-အဆီပါတဲ့ Neutrogena, Basis or Dove ဆပ်ပြာတွေ ဖြစ်တယ်။ Deodorant and antibacterial detergents တွေရှောင်ပါ။ ကြော်ညာကောင်းတဲ့ လိမ်းဆေး၊ ဆပ်ပြာတွေ သတိထားပါ။ အရေပြားကို နူးညံ့၊ သန့်ရှင်းနေဘို့နဲ့ အခြောက်သွေ့ မနေစေဘို့ ဖြစ်တယ်။

• အရေပြားကို ရေချိုး၊ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်ချသလို မဖြစ်စေဘဲ၊ အောက်ဖက်ကို ဖိ-တို့ သုတ်တာမျိုး လုပ်ပါ။ ရုပ်ရှင်မင်းသမီးများ လုပ်သလို။

Seborrhoea (Seborrhea) အရေပြားမျာ အဆီများရာကနေဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဖြစ်တယ်။ အများစဟြာ အခြခံရောဂါမရှိကြပါ။ ရှားရှားပါးပါး Parkinson's disease ဒါမှမဟုတ် Acromegaly ရောဂါရှိတတ်တယ်။ အမျိုးသမီးတွေမှာ Androgens ဟော်မုန်း များနေရင်လည်း ဖြစ်တယ်။ Congenital adrenal hyperplasia ဆိုတဲ့ မွေးရာပါရောဂါက အတော်ကိုရှားတယ်။ အရေပြားမှာ အနေရခက်လာမယ်။ ညစ်ပေလွယ်မယ်။ ဝက်ခြံကနေဖြစ်ဖြစ် Seborrhoeic dermatitis အဆီပြန်အရေပြားနာကနေဖြစ်ဖြစ်လည်း ဆက်ဖြစ်လာနိုင်တယ်။

ဘယ်လိုပြုပြင်းကုသမလဲ

1. တနေ့မှာ မျက်နှာနှစ်ခါသစ်ပေးပါ။

2. Topical retinoids ဆေးလိမ်းနိုင်တယ်။

3. Antiandrogens အမျိုးသမီးတွေကို ဟော်မုန်းပေးနိုင်တယ်။

4. Isotretinoin သိပ်ဆိုးနေသူတွေကို ဒီဆေးပေးနိုင်တယ်။

၁။ Topical retinoids လိမ်းဆေး Creams ခရင်။ Lotions ဆေးရည် နဲ့ Gels ဂျဲလ်တွေအနေနဲ့လာတယ်။ ဆေးဟာ Vitamin A ဗီတာမင် (အေ) ကနေထုတာ်ဖြစ်တယ်။ ReTrieve™ cream (tretinoin), Retin-A™ Cream (tretinoin or retinoic acid), Retinova™ Cream (tretinoin emollient), Isotrex™ Gel (isotretinoin) နဲ့ Differin™ Gel, Cream (adapalene) တွေဖြစ်တယ်။ Adapalene ဆေးဟာ benzoyl peroxide နဲ့ရောထားပြီး Epiduo gel အနေနဲ့ရောင်းတယ်။ ဝက်ခြံဆိုးဆိုးဝါးဝါးဖြစ်နတာအတွက်လည်း ဒီဆေးမျိုးသုံးတယ်။ ဆေးစွမ်းရအောင် ၄-၆ ပါတ်ကြာသုံးရတယ်။

၂။ Hormonal regimes ဟော်မုန်းဆိုတာမှာ Oral contraceptive ကိုယ်ဝန်တားဆေးပေးတယ်။ Ethinylestrodiol (Oestrogen) နဲ့ Progesterone ခေါ်တဲ့ ဟော်မုန်း ၂ မျိုးပါ၊ အများဆုံးသုံးတဲ့ဆေးမျိုးကိုသာ သုံးရမယ်။

၃။ Isotretinoin (13-cis retinoic acid) ဆေးကလည်း ဝက်ခြံမှာထိရောက်တယ်။

၄။ တခြားဆေးတွေ

• Spironolactone 25-200 mg daily ဆီးသွားစေတဲ့ဆေးကို အသက် ၃ဝ ကျော်အမျိုးသမီးတွေကို ပေးနိုင်တယ်။

• Prednisone 2.5 mg မနက်တလုံး + 5 mg ညတလုံး) စတီရွိုက်ဆေး နည်းနည်းပေးနည်းကိုလည်း သုံးနိုင်တယ်။

• Cyproterone acetate 50 to 200 mg ဆေးကိုလည်း ဆရာဝန်ကညွှန်ရင်သုံးနိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ