Stroke disease လေဖြတ်ရောဂါ

ပုံထဲကစာကို နားမလည်ပါ။ မှားနေတယ်။

ဘာသာပြန်တာလည်း မှားနေတယ်။ 

Transient Ischemic Attack လေဖြန်းခြင်း မမှန်ပါ။

Stroke disease လေဖြတ်ရောဂါ မှန်တယ်။

လေဖြန်းရောဂါလို့ ရေးနေတာတွေတွေ့တယ်။ လေဖြတ်ရောဂါလို့ရေးရမှသာ မှန်တယ်။ 

ဗမာဆေးနည်းထဲမှာ လေကိုအခြေခံပြီး ပြောကြတယ်။ အမှန်က ဦးနှောက်တခြမ်းနဲ့ အာရုံကြောတွေ ဆက်ပြီး မလုပ်နိုင်တော့တာ။ လျှပ်စစ်အားကို ဖြတ်တောက်သလို ဖြစ်တာမျိုး။ အတိအကျပြောရရင် ဦးနှောက်တခြမ်းနဲ့ အာရုံကြောတွေဆီကို သွေးမလာတော့တာ။ သွေးလွှတ်ကြောပိတ်တာနဲ့ သွေးယိုတာနှစ်မျိုး တခုခုကနေ  သွေးလာလမ်း ပြတ်တောက်သွားတာ။

ညာဖြန်း

ဖြန်းခနဲ

ကြက်သီးဖြန်းဖြန်းထ

ဖြန်းဖြန်းကျိုး

ဖြန်းဖြန်းကွဲ

ဖြန်းသန်းပြော

ကိုယ်ရောင်တာကိုသာ လေဖြန်းတယ်လို့ရေးရတယ်။

ဖောရောင်ခြင်း

ဖောသွပ်ခြင်း

ဖောခြင်းသောခြင်း များပြားခြင်း

ဖောဖောသီသီ များခြင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ