The MIND Diet ဦးနှောက်ပျက်စီခြင်းကို ကာကွယ်သည့်အစားအသောက်

လူတိုင်း အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အလုပ်တွေလည်း ကျဆင်း၊ ယိုယွင်း၊ ပျက်စီးလာကြတယ်။ Dementia ရောဂါက တခုဖြစ်တယ်။

အဲလိုဖြစ်တာကို သက်သောစေမဲ့ အစားအသောက်တွေကို သုတေသနပြုထားတယ်။

MIND diet ဆိုတာ Mediterranean diet မြေထဲပင်လယ်ဒေသအစားအစာတွေနဲ့ Dietary Approaches to Stop Hypertension (DASH) diet ခေါ် သွေးတိုးအတွက်ကောင်းတဲ့ အစားအစာတွေကို ပေါင်းစပ်ပြီး ခေါ်တာဖြစ်တယ်။

10 foods to eat on the MIND diet စားသင့်သော အစားအစာ ၉ မျိုး

1. Green, leafy vegetables စိုစိုစိမ်းစိမ်း ဟင်းသီးဟင်းရွက်များ။

2. All other vegetables တခြားသောဟင်းသီးဟင်းရွက်မျိုးမျိုး။

3. Berries ဘယ်ရီ ခေါ် strawberries, blueberries, raspberries, and blackberries အသီးအမျိုးမျိုး။

4. Nuts အစေ့အဆံ အမျိုးမျိုး။

5. Olive oil သံလွင်ဆီ။ 

6. Whole grains ဖြူဖွေးနေအောင် ချွတ်မထားတဲ့ oatmeal, quinoa, brown rice, whole wheat pasta, and 100% whole wheat bread စားသုံး အနှံအမျိုးမျိုး။

7. Fish ငါး။ Oyrm salmon, sardines, trout, tuna, and mackerel ငါးများ။

8. Beans ပဲသီး ပဲဆံ အမျိုးမျိုး။ 

9. Poultry ကြက်သား၊ ကြက်ဆင်သား။ 

5 foods to avoid on the MIND diet မသင့်သော အစားအစာ ၅ မျိုး (နည်းနည်းသာစားသင့်)

1. Butter and margarine ထောပတ်နှင့် မာဂျရင်း။ 

2. Cheese ဒိန်ခဲ။

3. Red meat ဝက်သား၊ အမဲသား၊ ဆိတ်သား၊ သိုးသား။

4. Fried food ကြော်ထားသော အစားအစာများ။ ဆိုင်မှာ အလွယ်ဝယ်ရ သွားရည်စာများ။ 

5. Pastries and sweets အချိုများ သွားရည်စာများ။

သုတေသနကို အနောက်နိုင်ငံတွေမှာ လုပ်ပါတယ်။ သူတို့ကတော့ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ ဝိုင်ကိုပါ ကောင်းသလိုလို ထည့်ထားတယ်။

မြန်မာပြည်ကအစားအစာတွေကိုလည်း နှိုင်းယူ ချင့်ချိန်ပြီး ကောင်းတာတွေနဲ့ မကောင်းတာတွေကို ရွေးချယ်စားသောက်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ