Abdominal aortic aneurysm (AAA) ဝမ်းဗိုက်အတွင်းက သွေးလွှတ်ကြောမကြီး တနေရာမှာ ဖေါင်းနေခြင်း

မင်္ဂလာပါ ဆရာရှင့် ကျမ အမေရဲ့ အသက်က ၇၀ ပါ ဆီးချို သွေးတိုး ရှိပါတယ်ရှင့် နေမကောင်းလို့ဆေးခန်းပြတာ ဆရာဝန်က ဗိုက်မှာ သွေးကြောဖောင်းလို့ခွဲစိတ်ရမယ် ပြောပါတယ်ရှင့် ဆေးစစ်ထားတာလေးတွေ ကြည့်ပြီး ပြန်လည်ဖြေကြားပေးပါ ကျေးဇူးပါရှင်

AAA ဝမ်းဗိုက်အတွင်းက သွေးလွှတ်ကြောမကြီး တနေရာမှာ ဖေါင်းနေခြင်း

ကုသနည်းကိုသာ တင်ပြပါမယ်။

ဖေါင်းနေတာက ဘယ်လောက်ကြီးသလဲ၊

ဘယ်လိုခံစားနေရသလဲ အပေါ်မှာ မူတည်တယ်။

သေးပြီး ခံစားနေရတာမရှိရင် မခွဲသေးဘဲ နေနိုငတယ။ ဆေးလိပ်မသောက်ရ။ အာဟာရသင့်မှန်တဲ့ အစားအစာကိုသာစားသောက်ပါ။

တချို့ကတော့ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး လိုမယ်။

အရွယ်အစားကြီးသူ ခွဲစိတ်ကုသရန် လိုတယ်။

AAA 5.5cm ထက် ကြီးတာကို ဆိုလိုတယ်။

အကြီးမြန်ပြီး နာရင်လည်း ခွဲရမယ်။

ခွဲစိတ်မှုမှာ အလွန်သတိထားစရာတွေ ရှိတယ်။ ခွဲစိတ်ဆရာဝန်က ရှင်းပြမယ်။

ပေါက်ထွက်ရင် အရေးပေါ်ကုသရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ