သခွပ်ပွင့် Get link Facebook X Pinterest Email Other Apps - October 26, 2024 သခွပ်ပွင့် သူ့ရာသီနဲ့သူ စားကောင်းပါသည်။ အခြောက်လှမ်းထာပြီးလည်း စားနိုင်ပါသည်။ဘီပိုးလည်း မပျောက်ပါ။စီပိုးလည်း မပျောက်ပါ။အေ ကနေ ဇက် ပိုးတွေကိုလည်း မပျောက်ပါခင်ဗျား။ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
Allergic skin အရေပြား အလာဂျီ - August 20, 2021 ရေးထာတာ ၇ နှစ်တိတိရှိပြီ။ သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ ၁။ ဆရာ ကျွန်တော့်ကိုယ်နေရာအနှံ့မှာ ဘုသေးသေးလေးတွေထွက်လာပါတယ်။ လက်တွေ ခြေထောက်တွေ ပေါင်တွေ ကျောကုန်းတွေမှာရောပဲ ဆရာ။ အစုလိုက်ရော တလုံးချင်းရော။ ဘာဖြစ်မှန်းမသိဘူးဆရာ။ ဘုလေးတွေကယားတယ်။ သောက်ဆေး လိမ်းဆေးလေး ညွှန်ကြားပေးပါအုန်း ဆရာ။ ၂။ သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။ ၃။ ဆရာ Allergy အကြောင်းတင်တာနဲ ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသားတွေယားလို ့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော်နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ် ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန် ့ရှိပါပြီ။ မသောက်ရင် အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်သောက်ရင် Read more
Colorectal cancer အူမကြီး ကင်ဆာ - April 26, 2021 ၁။ မင်္ဂလာပါခင်ဗျာ အူမကြီးကင်ဆာဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြပါလည်းခင်ဗျာ ပြန်ပြီးအလင်းပြပါနော် ချမ်းသာကျမ်းမာကြပါစေ (ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာတွေ့လို့သာ) ၂။ ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။ Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။ Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ Read more
Daflon 500 mg လိပ်ခေါင်းဆေး - July 25, 2021 (ကန်တော့) ၁။ မင်္ဂလာပါဆရာ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာကြာပြီခင်ဗျ ဝမ်းသွားလျှင်သွေးပန်းထွက်နေလို့ပါဆရာ deflon 500mg စွဲသောက်ရင်အန္တာရာယ်ရှိတတ်လားခင်ဗျ အခြားဘာဆေးတွေသောက်ဖို့လိုလဲဆရာကျေးဇူးပြု ပြီးဖြေကြားပေးပါ ၂။ မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာမေးချင်တာလေးရှိလို့်ပါဆရာ သမီးယောင်းမက ကိုယ်ဝန် လေးလကျော်ရှိပါပြီဆရာ အခုဝမ်းချုပ်တော့ သွေးပါတယ်ဆရာ အဲ့ဒါ surgeon နဲ့ပြတယ် Daflon လိပ်ခေါင်းဆေးရယ် သွေးတိတ်ဆေးရယ် ပေးလိုက်ပါတယ် သူကိုယ်ဝန်ရှိတဲ့အကြောင်းကိုလဲ ပြောထားပါတယ်ဆရာ လိပ်ခေါင်းဆေး Daflon သောက်ရင် ကိုယ်ဝန် ဆိုးကျိုးရှိလားသိချင်လို့ပါဆရာ (လူနာ အသက် မသိ။) Daflon 500 mg ဆေးကို vasoprotector venotonic agent လို့ခေါ်တယ်။ 90% diosmin နဲ့ 10% flavonoids expressed as hesperidin ဆေးတွေပါတယ်။ ကိုယ်ဝန်ရှိနေသူသောက်ရင် အချင်းလမ်းကြောင်းကနေ ဆေးဖြတ်သွားတာ အလွန်နည်းတယ်။ နို့ရည်ထဲရောက်နိုင်တာလည်း အလွန်နည်းတယ်။ လူနာပေါင်း ၂၈၅၀ ယောက်ကို Daflon 500 mg ဆေး တနေ့မှာ ၂ ပြား ၆ ပတ်ကနေ ၁ နှစ်ကြာပေး လေ့လာထားတာ။ Hemorrhoids (Piles) ခေါ် လိပ်ခေါင်းဆိုတာ စအိုနဲ့ အစာဟောင်းအိမ်အောက်ပိုင်းမှာ သွေးပြန် Read more
Comments
Post a Comment