မြန်မာပြည်မှာပေါ့

အုန်ႈနို့ခေါက်က်ဆွဲအကြောင်းအောက်မှာ ကွန်မင့်ရေးတယ်။

အုန်းနို့ဟာ သွေးတိုးစေတယ်လို့ ပြောနေကြလို့ပါ။

အဲလိုပြောတဲ့သူတွေက သွေးတိုးအထူးကုဆရာဝန်တွေပါလား။

တင်ထာတဲ့စာထဲမှာ သေသေခြာခြာ ရေးထားတယ်။

ကျန်းမာရေးအကြောင်းဆို ဆရာဝန်တွေရေးတာကို ဖတ်တဲ့သူနည်းပါတယ်။

ဘာသာရေးကိုလည်း ဖေ့စ်ဘွတ်ကနေ တရားနာကြတယ်။ ဘယ်သူဟောသလဲ ကြည့်မနေ။ 

အေအိုင်နဲ့လုပ်ထားတဲ့ ဘုရားပုံတွေ တင်ကြတယ်။

သတင်းဆိုလည်း သတင်းပင်ရင်း ဘယ်ကလဲ မကြည့်။

ပြီးတော့ ဘာမဆို ငါအရင်ဆုံးသိသကွ လုပ်ကြတယ်။

အဲလိုလူတွေနောက်မှာ ဖေါ်လိုဝါ သာဝကပေါင်း သန်းနဲ့ ရှိဆိုဘဲ။ အဲဒါကလည်း ဖတ်ရတာ။ ဟုတ်တယ်လို့တော့ မထင်။

မြန်မာပြည်မှာပေါ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ