သမီး သား အဘ

အဲ့ဒါဘာဖြစ်တာလဲဆရာရှင့် ဆေးအညွှန်းလေး သမီးကိုညွှန်းပေးပါလားဆရာရှင့်

ဘယ်နေရာမှာ၊ ဘယ်ခံစား၊ ဘယ်လောက်ကြာ မသိ။

လက်ချောင်းတွေနဲ့လက်ဖဝါတွေမှာပါ ဆရာ ဖြစ်တာကနှစ်ပတ်လောက်တော့ရှိပြီး လက်‌တွေယားပါတယ်ဆရာ

လက်နဲ့ ကိုင်တွယ်ရတဲ့ အရာတခုခုနဲ့ မတည့်တာဖြစ်နိုင်။ ဥပမ ဆပ်ပြာမှုန့်၊ ဆပ်ပြာ။ လက်အိတ်သုံးပြီး အလုပ်လုပ်သင့်။

ကိုယ်ကိုယ်ကို သမီးလို့ ခေါ်ပြီး ရေးသားခြင်းဟာ နားလည်ရခက်ကြောင်း အကြိမ် ၂၀ လောက်တင်ပြထားတယ်။ သမီးဆိုရင် စာရေးသူရဲ့သမီးလား စဉ်းစားရတယ်။ သားဆိုလည်း သူ့သားလား။

တချို့က သမီးကောင်လေးတဲ့။ သားမက်လား။ သားကောင်မလေး ချွေးမလား။

ဟုတ်ကဲ့ပါ ဆရာရှင့် စကားပြောတာမှားတာရှိရင် တောင်းပန်ပါတယ်

ဘာဆေးလိမ်းသင့်လဲဆရာရှင့်

Anti-Itch အယားသက်သာဆေး https://dr-tint-swe.blogspot.com/2021/06/anti-itch.html

အွန်လိုင်း၊ အီးမေးလ်၊ မက်စင်ဂျာ ကနေ အမေးအဖြေလုပ်ရတာဖြစ်ပါတယ်။ မေးတဲ့သူကို ကျား-မ-ကလေး-လူကြီး မသိပါ။ 

ဗီဒီယိုကောလ် လည်း မသုံးပါ။ အသံဖိုင်လည်း မသုံးပါ။ 

မေးခွန်းရေးတာ အရေးကြီးတယ်။ လူနာကို အထီး-အမ (ကန်တော့) မသိဘဲ ဖြေသူ ရမ်းကု။

သမီး၊ သား၊ အဘ အကြောင်း အကြိမ် ၂၀ လောက်တင်ပြထားတယ်။

ကျွန်တော်၊ ကျနော်၊ ကျမ၊ အသုံးပျောက်သလိုဖြစ်လာခြင်းဟာ ဝမ်းနည်းစရာဖြစ်ပါတယ်။ ကျွန်မ မသင့်ပါ။ ညမ၊ ကျယ်မ ရိုင်းစိုင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ