အုန်ႈနို့ခေါက်က်ဆွဲ

ဆရာအသက်ကြီႈတဲ့သူတွေနဲ့ အုန်ႈနို့ခေါက်ဆွဲစာႈရင် တည့်ပါ့မလာႈဆရာ

စားလိုသူမှာ အခံရောဂါရှိပါသလား။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော။

သွေးတိုးရှိသူ ဆိုဒီယမ်ဓါတ် မတည့်။ ဆား၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်၊ အသားမှုန့်တွေမှာ ဆိုဒီယမ်ဓါတ်ပါတယ်။

ဆီးချိုရှိသူ အချိုဓါတ် (သကြား) မတည့်။

ကိုလက်စထောများနေသူ ဆီ၊ ဝက်သား၊ ကြက်ဥအဝါပိုင်း၊ ထရမ့်ဖက် ခေါ် ဆီတမျိုး မတည့်။

ဂေါက်ရောဂါရှိသူ ကလီစာ (အမြစ်၊ အသဲ) မတည့်။

ဘယ်အစားအသောက်မဆို စားတဲ့ပမာဏ များ မများသတိထားရမယ်။

ပုံမှန်ပမာဏထက် နည်းရင်တော့ အစားအသောက်ကို နည်းနည်းကနေ အသင့်အတင့် စားနိုင်တယ်။

ကိုယ့်မှာ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော ဘယ်လောက်များနေသလဲ။ ဆေးသောက်နေသလား။

ဘယ်အရာကိုမဆို ခြုံပြီး ကောင်း၏၊ ဆိုး၏၊ တည့်၏၊ မတည့် ပြောလို့ မရပါ။

သွေးတိုး၊ ဆီးချို၊ ကိုလက်စထောတွေက အချိန်တိုင်းမှာ အနည်း အများ ပြောင်းနေတယ်။ အစာမစားခင်နဲ့ စားပြီး မတူပါ။

ရောဂါတခုစီအတွက် အစားအသောက်တွေ ဘလော့မှာ တင်ထားတယ်။

Burmese Coconut Noodles Soup - အုန်းနို့ခေါက်ဆွဲ ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ